menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

SSD ရွေးချယ်ခြင်းနှင့် SSD ဆိုတိုင်း မထည့်သင့်သော ဂျင်းများ

SSD ရွေးချယ်ခြင်းနှင့် ssd ဆိုတိုင်း မထည့်သင့်သော ဂျင်းများ 

မင်္ဂလာပါ ဒီနေ့ ခေါင်းစဉ်ကတော့ SSD ရွေးချယ်ခြင်းအပိုင်းပါ .. 

ကျွန်တော်တို့ အပြောများကြတယ် စက်သွက်ချင်လား SSD ထည့် ကျွန်တော်တို့ SSD များမှာ ပုံမှန် ဈေးပေါတဲ့ ssd တွေဆို GB တွေအများကြီးပါတယ် ဈေးပေါတယ် တန်တယ်ဆိုတာတွေ တွေ့နေရပါတယ် တကယ်ရော အဲဒီ SSD တွေထည့်လို့ မြန်မှာလား အဖြေကတော့ နိုးပါလို့ပြောလိုက်ပါရစေ SSD တိုင်းမမြန်ပါဘူး read write speed တွေ input output speed တွေ system တွေလိုပါသေးတယ် SSD ဖြစ်ရင်ပြီးရောဆိုပြီး ထည့်လိုက်တယ် မြန်တော့မြန်ပါတယ် ဒါပေမယ့် အရမ်းမမြန်လာပါဘူး ဒီနေရာမှာ ဘာလို့မမြန်ရတာလဲဆိုတဲ့ အကြောင်းအရင်းကြီးက ရှိနေပါပြီ ကျွန်တော်တို့ SSD တွေမှာ အရင်ဆုံးကြည့်ရမှာ read write speed ပါ နောက်ပြီးရင်

dram cache ပါလား ကြည့်ရပါသေးတယ် SSD ဆိုတိုင်းမမြန်ပါဘူး အထက်ပါ အချက်နှစ်ချက်နဲ့ ကြည့်ရပါသေးတယ် Dram cache ssd ဆိုတာဘာလဲ Dram cache ပါတဲ့ ssd တွေဟာ ပုံမှန် ssd တွေထက် ပိုပြီးမြန်ပါတယ် စက်ကို ပိုသွက်စေပါတယ် Cache တွေကို အဓိက အလုပ်လုပ်တာ Ram တွေကပါ Cache memory ရှိနေတဲ့ ssd မှာဆိုရင် ram ပေါ်ကို သွားရတဲ့ cpu အချိန်ကို လျှော့ချပေးပါတယ် Cache SSD တွေက ဘယ်လိုအလုပ်လုပ်လဲဆိုတော့ မိမိရဲ့ အသုံးအများဆုံး ဖိုင်တွေ ဒေတာတွေ ဆော့ဝဲတွေကို System manager ကနေပြီးတော့ မှတ်သားထားပေးပါတယ် အဲဒီကနေတစ်ဆင့် ssd ပေါ်မှာ raid volume အနေနဲ့ မှတ်ပေးပါတယ် မိမိက ဆော့ဝဲကို သုံးနေရင်းပိတ်လိုက်တယ် နောက်တစ်ခေါက်ပြန်ဖွင့်တယ် အဝိုင်းလည်နေတာနဲ့ ကြုံရတယ် အဲဒါတွေဟာ SSD မှာ cache memory မပါလို့ ram ပေါ်မှာ သွားရှာနေရလို့ ကြာနေတာပါ မိမိ ဆော့ဝဲ ဖိုင် ဒေတာ ဖွင့်လိုက်တာနဲ့ cpu က အရင်းဆုံး drive တွေရဲ့ cache memory ကိုလှမ်းတောင်းပါတယ် မရှိရင် ram ပေါ်က cache ကိုလှမ်းတောင်းပါတယ် နှစ်ခုလုံးမှာ မရှိရင်တော့ အစကနေပြန်ပြီး run time လုပ်ရပါတယ် ဒီနေရာမှာ dram cache memory ပါတဲ့ ssd တွေက cpu လှမ်းတောင်းတာနဲ့ အဆင်သင့်ဖြစ်နေအောင် ရှိနေပါတယ် Ram ပေါ်မှာရှာစရာမလိုတော့ဘူးပေါ့ အဲဒီအတွက် cpu usage ကောင်းလာပြီး system performance တက်လာပါတယ် အဲဒါဆို ssd မှာ memory usage တွေများလာမှာပေါ့ မှန်ပါတယ် ဒါပေမယ့် မိတ်ဆွေတို့ အဲဒီဖိုင်တွေကို လုံးဝ မမြင်ရပါဘူး ပြီးတော့သူက system host ဖိုင်ဖတ်ဖို့ သီးသန့်ထားပေးထားတာပါ Dram cache memory ပါမှ SSD ဆိုတာ မြန်တာပေါ့ ဟုတ်လား ဟုတ်ပါတယ် SSD ချင်းတူရင်တောင် တိုက်စားပေးနိုင်တယ်ဆိုတာမျိုးပါ ဒီပိုစ့် ဖတ်ပြီးရင် မိတ်ဆွေတို့ အရောင်းဆိုင်တွေက ပြောတိုင်း ဆားဗစ်သမားတွေ ဂျင်းထည့်တိုင်း ခံရဖို့ မလွယ်တော့ဘူးလို့ မျှော်လင့်မိပါတယ် SSD ဝယ်တိုင်း dram cache memory ပါလား မေးဝယ်ကြပါ မဟုတ်ရင်လည်း SSD ရဲ့ မော်ဒယ်နံပါတ်နဲ့တကွ google မှာ အချက်အလက်အသေးစိတ်ရှာကြည့်ပါ Dram cache မပါဘဲ မြန်တဲ့ ssd ရောရှိလား ရှိပါတယ်/

 transcend brand ပါ ယုံကြည်စွာ သုံးကြပါ 120GB မှာတော့ dram cache မပါ ပါဘူး 128GB မှာသာလျှင်ပါ ပါလိမ့်မယ် ဒီနေရာမှာ m.2 စိုက်မှာပါဆိုတဲ့ လူတွေရှိပါသေးတယ် ပိုမြန်တယ်လို့ပြောတာလဲ လက်ခံပါတယ် သူက မားသားဘုတ်ကနေ ပါဝါကျွေး ဒေတာတိုက်ရိုက်ယူတဲ့ parallel ram လိုမျိုးပါ အဲဒီအတွက် cache memory ပါပြီးသားပါ တစ်ချို့တွေကတော့ မပါ ပါဘူးနော် မိတ်ဆွေတို့ ssd ဆိုတာ သေချာနားလည်ပြီး တံဆိပ်သေချာ ရွေးတတ်ဖို့လိုပါတယ် ssd ဖြစ်ပြီးရော လုပ်လို့ အဆင်မပြေနိုင်ပါဘူးနော် နည်းပညာကို လေ့လာနေသူပီပီ မသိတာ မတတ်တာတွေလဲ ရှိပါသေးတယ် ဒါကြောင့်အမြင်မတော်တာများရှိလျှင် အကြံပေးသွားကြပါဦးလို့ တောင်းဆိုလိုက်ပါရစေ SSD ဖြစ်ရင်မြန်တယ်ဆိုတာ မဟုတ်ဘူးနော် ... ကျေးဇူးတင်ပါတယ်..

Computer Service Shwe Lat Taw

No comments: