menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Domain ဝယ်တော့မယ်ဆိုရင်

Website Domain ဝယ်တော့မယ်ဆိုရင်
 ++++++++++ 
 Website တစ်ခုကို တည်ထောင်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ Domain တစ်ခုကိုတော့ ဝယ်ရမှာ ဖြစ်ပါတယ်၊ ဒီလို ဝယ်ယူတဲ့နေရာမှာ .com နဲ့ဝယ်ရမလား၊.com.mm နဲ့ဝယ်ရမလားဆိုပြီး လာမေးကြပါတယ်၊ ပြီးတော့ ဒီ ၂ ခုကရောဘာတွေကွာခြားလဲဆိုတာပါ ခန ခန လာမေးကြပါတယ်၊ ဒီတော့ .com နဲ့ .com.mm ဘာကွာလဲဆိုတာကို ပြောပြပေးချင်ပါတယ်၊ .com နဲ့ .com.mm မှာက မတူညီတာတွေကတော့ အများကြီးပါပဲ၊ .com.mm ကို Top Level Domain လို့ သတ်မှတ်ပါတယ်၊ www.brandyou.com.mm , www.work.com.mm , www.ads.com.mm အစရှိတဲ့ Website တွေဟာ Top Level Domain တွေ ဖြစ်ပြီး www.myanmarleader.com , www.aungmonchan.com တို့ဆိုရင်Top Level Domain စာရင်းမဝင်ပါဘူး။ .com ဆိုတာကို Communication, Computer တို့လို့ ထင်ရင် မှားသွားပါမယ်။ သူက Commercial လို့ အဓိပ္ပါယ်ရပါတယ်။ Commercial လို့ဆိုတဲ့ ဆိုဒ်က အကျိုးအမြတ် အတွက် ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။ .net ကတော့ network and computer ဖြစ်ပြီး နည်းပညာဆိုင်ရာ များကို သီးသန့် Show လုပ်ဖို့အတွက် ရည်ရွယ်ပါတယ်။ .org ကျတော့ Organization ကို ကိုယ်စားပြုပြီး Non Profit Organization တွေအတွက် အသုံးပြုဖို့ ရည်ရွယ်ပါတယ်၊ Domain အနောက်က .com/ .net/ .org တွေ ပြောင်းပေမယ့် technical အရ ပြောင်းလဲမှု မရှိပါဘူး။ အမေရိကန်မှာဆိုတော့ .com/ .net/ .org တို့ကို Top Level Domain လို့သတ်မှတ်ပါတယ်။ Government site များရဲ့ Top Level Domain ဆိုရင် .gov နဲ့ အများစု ဆုံးကြ ပါတယ်။ သို့သော် UK လိုနိုင်ငံတွေကတော့ .co.uk ဆိုတာနဲ့ ဆုံးမှ Top Level Domain လို့သတ်မှတ်ပါတယ်။ ဂျပန်မှာဆိုရင် .jp , မြန်မာမှာ ဆိုရင် .mm နဲ့ ဆုံးမှ Top Level Domain လို့ သတ်မှတ် ပါတယ်။ ပိုအသေးစိတ် ပြောရင်ရင် Country Top Level Domain လို့ ဆိုလိုခြင်း သဘော ဖြစ်ပါတယ်။ .com ကို Top Level Domain မဖြစ်ဘူးလို့ပြောတာ မဟုတ်ပါဘူး။ နိုင်ငံအလိုက် သူ့ထက် ပိုပြီးတော့ ကြီးတဲ့ တစ်ဆင့် ကျန်နေလို့ဖြစ်ပါတယ်၊ နိုင်ငံတွေအလိုက် Domain ဆုံးတာတွေကို ကြည့်ချင်တယ်ဆိုရင်တော့ Domain Listမှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်၊ ဒီလိုမျိုး နိုင်ငံ Domain တွေကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းက အမေရိကန်က ဖြစ်ပါတယ်၊ ဒိုမိန်းအမည်တွေကို ကိုယ်ယူချင်သလို၊ ပေးချင်သလိုမဟုတ်ပဲ အားလုံး Standard တစ်ခုတည်း ယူကြခြင်း ဖြစ်ပါတယ်။ မြန်မာပြည်ကိုဆိုရင် .mm နဲ့ ဆုံးဖို့ သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ .mm နဲ့ ဆုံးတဲ့ ဆိုဒ်ကိုဝင်ရင် မြန်မာပြည် Website ဆိုတာ လူတိုင်းသိနိင်ပါတယ်။ .com ဝယ်သင့်လား .com.mm ဝယ်သင့်လား ဆိုတာကတော့ ကိုယ့်ဆိုဒ်က ကမ္ဘာ့ ဈေးကွက်ကို ရည်ရွယ်တယ်၊ မြန်မာပြည် တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုရင် .com နဲ့ပဲ သုံးသင့်ပါတယ်။ မြန်မာပြည်က visitor များကိုပဲ ရည်ရွယ် တယ်ဆိုရင်တော့ .com.mm က ပိုသင့်တော်ပါတယ်။ ဒီတော့ ကမ္ဘာ့ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာပြည် visitor အဓိကထားလာတဲ့ ဆိုဒ်ကို ရွေးချယ်ပြီး ကြော်ငြာ ထည့်မယ်ဆိုရင် .com.mm ကိုပိုပြီးတော့ Prefer ဖြစ်ပါတယ်။ ပုံသေတော့ မဟုတ်ပါဘူး။ Top Ranking ကိုစစ်ဆေးပြီး .com က .com.mm ထက် ပိုသာနေရင်တော့ .com ကိုပဲ ရွေးချယ်ပြီး ကြော်ငြာ ထည့်သွား မှာပါ။ ဒီတော့ .com နဲ့ .com.mm ကွဲပြားခြားနားချက်ကို သိပြီလို့ ထင်ပါတယ်၊

No comments: