menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone 12 Pro & Pro Max ‌ဘယ်ဟာဝယ်လဲ

iPhone 12 Pro ဝယ်မလား? ⚡ iPhone 12 Pro Max ဝယ်မလား? 
🧐 iPhone 12 Pro Max ကလဲ Pre-Order တင်လို့ရနေပြီဆိုတော့ 12 Pro ပဲ ပြေးဝယ်ရမလား 12 Pro Max ပဲ Pre-Order တင်ရမလားဆိုပြီး ဖြစ်နေတဲ့သူတွေ ရှိလောက်မှာပါ.. စာကတော့နည်းနည်းရှည်ပေမဲ့ ‌ရွေးချယ်ဝယ်ယူမဲ့သူတွေအတွက် တကယ်ကိုဖတ်သင့်ပါတယ်.👇🏻 iPhone 12 Mini နဲ့ iPhone 12 က Display အသေးနဲ့အကြီးပဲကွာပြီးတော့ ရွေးချယ်ရတာလွယ်ကူပါတယ်... အရင်နှစ်က Pro Models တွေကျတော့ဘာမှမကွာပါဘူး Screen Size ကြီးကြီးကိုင်ချင်တဲ့သူက 11 Pro Max ကိုရွေး Screen Size သေးသေးနဲ့ လက်ထဲမှာကျစ်ကျစ်လစ်လစ်ကိုင်ချင်တဲ့သူ 11 Pro ကိုရွေး ရှင်းပါတယ်.. ဒီနှစ်ကတော့ အဲ့လိုမဟုတ်ပါဘူး Display လဲကွာသလို Camera ပိုင်းမှာလဲ ကွာပါတယ်... ဘယ်လိုလူမျိုးက ဘယ်ဖုန်းကို ရွေးချယ်သင့်လဲဆိုတာ ပြောပြပေးပါမယ်... -Design Design ပိုင်းမှာဆိုရင် Apple က သူတို့ရဲ့ ဟိုးခေတ်အခါက Design (iPhone 5 / 5s တို့ခေတ်) Steve Job's Design လို့လဲပြောလို့ရပါတယ်... ဘေးဘောင်တွေက အရင် 11 Series လို လုံးလုံးကြီးတွေမဟုတ်တော့ပဲ Flat Edge Design ဖြစ်သွားပါတယ်... Pro နှစ်လုံးစလုံးရဲ့ Body ကို Premium Stainless Steel နဲ့ တည်ဆောက်ထားပါတယ်..... Pro Models နှစ်မျိုးစလုံးကို ကိုင်ရတဲ့ Hands-on Feeling က အရမ်းကို premium ဆန်နေမယ်ဆိုတာ အမှန်ပါပဲ..... iPhone 12 Proရဲ့ Weight က 187g ပဲရှိပြီးတော့. iPhone 12 Pro Max ကတော့ 226g ရှိပါတယ်.... (လေးတာမကြိုက်တဲ့သူကတော့ Pro ကိုရွေးပေါ့) နှစ်မျိုးစလုံးကို 5G Support လုပ်ထားပြီး Smart Date Mode က ဘက်ထရီစားသက်သာအောင် 4G ကို အလိုလို ပြောင်းပေးနိုင်တဲ့ System ပါဝင်ပါတယ်.. -Display🔮 iPhone 12 Pro မှာ (6.1) inches ဖြစ်ပြီး.. 12 Pro Maxက (6.7) inches ကျယ်ပါတယ်..... နှစ်မျိုးစလုံးကို Super Retina XDR OLED မျက်နှာပြင်တွေ ထည့်သွင်းထားပြီး ဘေးဘောင်တွေ အရမ်းပါးလွှာပါတယ်။ Less Bezel, More Screen ဆိုပြီးတော့တောင် Apple ကကြွားလုံးထုတ်ထားပါတယ်.... Contrast Ratio ကတော့ အတူတူပါပဲ.... ✓Resolution iPhone 12 Pro - 1170x2532p 460 ppi density 12 Pro Max - 1284x2778p 458 ppi density Pro Models နှစ်မျိုးစလုံးက HDR 1200 nits Brightness🔆 အထိ ရပါတယ်... Typical Brightness ကတော့ 800 nits အထိရှိပါတယ် (နေပူထဲမှာသုံးလဲ မြင်နေရမှာပါ) iPhone 12 Pro & Pro Max နှစ်ခုလုံးမှာမှာ Corning နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Ceramic Shield နည်းပညာ ပါလာပြီး အရင်မျိုးဆက် iPhone 11 series မှန်ထက် အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ၄ ဆ ပိုခံနိုင်ပါတယ်... -Performance SoC မှာလဲ iPhone 12 Pro နဲ့ 12 Pro Max နှစ်မျိုးစလုံးကို A14 Bionic Chip (World First 5nm) ကို အသုံးပြုထားပါတယ်... A14 Bionic Chip က Smartphone အားလုံးထက် CPU 50% and GPU 50% ပိုမြန်တယ်လို့ပြောထားပါတယ်....🔥 -Camera အရင်နှစ်တုန်းကထွက်ရှိခဲ့တဲ့ iPhone 11 Pro နဲ့ 11 Pro Max နှစ်မျိုးစလုံးမှာ Camera ကွာခြားမှု လုံးဝမရှိခဲ့ပေမဲ့... ဒီနှစ်မှာတော့ iPhone 12 Pro နဲ့ 12 Pro Max မှာ ကွာခြားချက်လေးတွေရှိလာပါတယ်.. ဖုန်း ၂ လုံးစလုံးမှာ 12MP Wide, 12MP 120 Degree Ultrawide နဲ့ 12MP Telephoto ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ Pro Max ရဲ့ Wide ဆန်ဆာဟာ 47% ပိုကြီးပြီး Low-light စွမ်းရည်က 87% ပိုမိုက်ပါတယ်။ Telephoto ကင်မရာအကြောင်း ပြောရရင် iPhone 12 Pro မှာ 4x Optical Zoom နဲ့ Pro Max မှာ 5x Optical Zoom ထောက်ပံ့ထားပါတယ်... Smart HDR 3 ကိုလဲ နှစ်ခုလုံးမှာထောက်ပံ့ပေးထားပါတယ်. ဖုန်းနှစ်လုံးရဲ့ အရှေ့ဘက်မှာ 12MP TrueDepth ကင်မရာ တပ်ဆင်ထားပါတယ်။ Telephoto Camera က လွဲပြီး Front Facing Camera အပါအဝင် ကျန် အနောက်ဘက်ကင်မရာ ၂ လုံးမှာလဲ Night Mode ထောက်ပံ့ထားပါတယ်။ Pro Models နှစ်မျိုးစလုံးမှာ LiDAR Scanner ပါဝင်လာပြီး Night Mode Portrait တွေကိုတောင် ရိုက်ကူးနိုင်ပါတယ်။ အမှောင်ထဲမှာတောင် Depth Mapping ကို အကောင်းဆုံး ပြုလုပ်ပေးနိုင်တဲ့ LiDAR Scanner ပါဝင်လို့ Night Mode Portrait တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပြီး၊ Augmented Reality (AR) နဲ့ Photo Effects တွေကလည်း ပိုမိုက်လာမှာပါ.... LiDAR ရဲ့ အကူအညီနဲ့ အမှောင်ထဲမှာ Auto Focus (၆) ဆ အထိ ပိုကောင်းလာပါတယ်။ Pro Photography အတွက် Apple ProRAW ကိုလည်း Pro Models နှစ်မျိုးစလုံးမှာ Support လုပ်ထားပြီး.... ဒီနှစ်နှောင်းပိုင်းမှာ စတင်အသုံးပြုနိုင်မှာပါ။ Deep Fusion နဲ့Smart HDR နည်းပညာတွေကို အသုံးချပြီး RAW Photo တွေရဲ့ Flexibility နဲ့ Apple ရဲ့ Computational Photography ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်.... Video Recording အပိုင်းမှာတော့... iPhone 12 Pro Max မှာ Sensor-shift နည်းပညာအသစ်ပါဝင်လာတာကြောင့် Optical Image Stabilisation ဘက်မှာ iPhone 12 Pro ထက် ပိုမိုကောင်းမွန်လာပြီး Cinematic Video တွေ ရိုက်ကူးဖို့အတွက် အကောင်းဆုံးပါပဲ... Pro Models နှစ်မျိုးစလုံး HDR Video Recording ရရှိမှာ ဖြစ်ပြီး အဆင့်မြင့် Dolby Vision HDR နဲ့ ရိုက်ကူးနိုင်မှာပါ, Photos App ထဲမှာတင်Edit လုပ်နိုင်မှာ ဖြစ်ပြီး၊ Dolby Vision HDR Video တွေကို 60 fps ဖြင့်ရိုက်ကူးနိုင်ပြီး ချက်ချင်းဆိုသလို Editing, Producing လုပ်နိုင်မှာဖြစ်ပါတယ်.. - Battery🔋 Battery ပိုင်းမှာလဲ ကွာခြားမှုရှိပါတယ်.. iPhone 12 Pro - 2815 mAh iPhone 12 Pro Max - 3687 mAh ဒါပေမဲ့ iPhone 12 Pro ကို Game ဆော့ဖို့ ဝယ်မယ်ဆိုရင်တော့ မဝယ်သင့်ပါဘူး.. 12 Pro က Games ဆော့ရင် Battery ကုန်တာမြန်ပါတယ်.. Daily Use ကတော့အဆင်ပြေပါတယ်.. သင်က တကယ်လို့ Game ကလဲဆော့ချင်သေးတယ်ဆိုရင်တော့ 12 Pro Max ကိုရွေးလိုက်ပါ... - Color Colors ပိုင်းမှာတော့ အတူတူပါပဲ... Silver, Graphite, Gold & Pacific Blue ဆိုပြီး အရောင် (၄) မျိုးရှိပါတယ်... ✓Pro Models တွေကို 20W Fast Charging ထိ Support ပေးပြီးတော့ Wireless Charging ဘက်မှာလဲ MagSafe Wireless Charging ကို 15W ထိ Support ပေးပါတယ်.... ✓Pro Models နှစ်မျိုးစလုံးမှာ IP68 Water Resistant ကြောင့် ရေစိုမှာကိုစိတ်ပူစရာလုံးဝမလိုပါဘူး.... ရေအနက် 6m မှာတောင် နာရီဝက်တိတိရေစိမ်ခံပါတယ်. (Everything Apple Pro YouTube Channel ကစမ်းထားတဲ့အတိုင်းဆို အချိန်အများကြီးပိုခံပါတယ်) ✓Storage options တွေအနေနဲ့ 128GB, 256GB နဲ့ 512GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ -Price 💸 iPhone 12 Pro(128GB) - $999, iPhone 12 Pro Max (128GB) - $1099 12 Pro က‌ ဝယ်ချင်တယ်ဆိုရင် အခုပဲ ဖုန်းဆိုင် သွားပြီးဝယ်လို့ရနေပါပြီ.. US မှာတော့ 12 Pro Max ကို‌ Nov 6 မှာ Pre-order တင်ပြီး Nov 13 မှာစတင်ဝယ်ယူလို့ရမှာဖြစ်ပါတယ်.... မြန်မာနိုင်ငံမှာကတော့ Nov-13 မှ‌ Pre-Order တင်ရမှာဖြစ်ပြီး Nov-20 ဝန်းကျင်လောက်မှ စတင်ဝယ်လို့ရမှာဖြစ်ပါတယ် 12 Pro က 1850000 သိန်းဝန်းကျင်ကစပါမယ်။ 12 Pro Max ကတော့ 1970000 ဝန်းကျင်ကနေစပါမယ်။🍎 ဒီလောက်ဆိုရင်တော့ ဘယ်လိုလူကဘယ်ဖုန်းကိုဝယ်ရမယ်ဆိုတာ တီးမိခေါက်မိလောက်တော့သိလောက်ပြီထင်ပါတယ်... Display Size ကြီးတာနဲ့ Camera ပိုင်းမှာ ပိုကောင်းတာလိုချင်ရင် iPhone 12 Pro Max ကိုရွေး... (အရမ်းကြီးတော့မကွာဘူးနော်) ဒါမှမဟုတ် Display ကြီးတာ မကြိုက်ဘူး အနေတော်လောက်ပဲကြိုက်တယ်, 12 Pro ရဲ့ Camera ‌နဲ့ကျေနပ်ပြီဆိုတဲ့သူကလဲ iPhone 12 Pro ကိုရွေး...📱 😉Admin ကတော့ iPhone 12 Pro Max ကို.. ရွေးချယ်ဖို့ Recommend ပေးပါတယ်.. Screen Size လဲကြတယ် Game ဆော့ဖို့လဲအဆင်ပြေလို့ လက်ထဲမှာကိုင်ရတာလဲ ပိုမိုက်မှာပါ.. Go to Orgernial Post

No comments: