menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Laptop Adapter (Watt) တွက်နည်း

Laptop Adapter (Watt) အလွယ်တကူတွက်နည်း ++++++++++++++++++++++++++++++++++++ 🎯 တခါတလေမှာ Laptop Adapter သွားဝယ်ကြတဲ့အခါ. ကိုယ်ကတော့ ပြောလိုက်တယ်.. ကိုယ့် Adapter အကြောင်းလေးသိနေတော့... 65 Watt Acer Aspire A515-54G...ဘာညာပေါ့.. သို့သော်. ရောင်းတဲ့လူဘက်ကပေးတဲ့ Adapter မှာ တစ်ချို့ဟာတွေက Watt ကို မဖော်ပြထားဘူး.. တချို့ဟာတွေကတော့ ပါတယ်.. ဒီလိုအခါမျိုးမှာ Watt မှန်၊ မမှန်သိချင်ရင် .. ကိုယ့်ဘာသာ တွက်ကြည့်လို့ရတယ်... တကယ်တော့ Watt ကိုလိုချင်တယ်ဆိုတာ တစ်နည်းအားဖြင့် ကျွန်တော်တို့ Power ဆိုတဲ့ P ကိုရှာရတာပါပဲ.. Formula +++++++ Power = Voltage x Current (P = VI) 🎯 ကျွန်တော်တို့ များသောအားဖြင့် Adapter ပေါ်မှာ output - 19 Volt ဆိုပြီးရေးထားတယ် ..ပြီးတော့ ဘေးမှာ Solid လိုင်းလေးနဲ့ သူ့ရဲ့အောက်မှာ အစက်လေး သုံးစက်ပါတာလေးကို တွေ့ရတယ်.. သူကဘာကို ကိုယ်စားပြုလဲဆိုတော့ DC (Direct Current) ကို ကိုယ်စားပြုတယ်.. သူ့တန်ဖိုးက 3.42A လို့ရေးထားတယ်... ဆိုတော့ တကယ်လို့ ကိုယ်က Watt ကိုသိချင်တယ်ဆိုရင် P (Power) = VI ဖြစ်တဲ့အတွက် Voltage နဲ့ Current ကို မြှောက်ပေးလိုက်ယုံပဲ.. P = 19V x 3.42A = 64.98 Watt (65 Watt) 🎯 တကယ်လို့ 90 Watt ဆိုရင် တော့ 19 Volt နဲ့ 4.74A လို့တွေ့ရပါလိမ့်မယ်.. P = 19V x 4.74 A = 90.06Watt တကယ်လို့.. 4.7A သာ ပါမယ်ဆိုရင် 89.3 ဆိုတော့ .. 90 Watt မပြည့် တပည့်လေးပေါ့.. သို့သော်.. 90 Watt လို့ပဲ ယူကြတာပါပဲ.. 🎯 ဒီတော့ ဆိုင်မှာ ကိုယ်သွားဝယ်တယ်.. ကိုယ်လိုချင်တဲ့ Watt နဲ့ တူလားဆိုတာကို ဒီနည်းလေးနဲ့ အလွယ်တကူစစ်ဆေးလို့ရတယ်.. အကယ်၍ Adapter ပေါ်မှာ ဘယ်လောက် Watt ဆိုတာ မဖော်ပြထားရင်ပေါ့... ဆိုတော့.. မေးထားတဲ့ ညီကိုမောင်နှမတွေလည်း သိပြီလို့ထင်ပါတယ်... အားလုံးပဲသာယာသော ညချမ်းပါ...

No comments: