menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Laptop ကို ဘယ်အချိန်မှာ ဘာမြင့်ရမလဲ

Laptop ကို ဘယ်အချိန်မှာ ဘာမြင့်ရမလဲ

 ====================== 

ဝယ်ထားတာကြာပြီ အစက ရုပ်ရှင်ကြည့် အသေးသုံးနဲ့ အခု့ သင်တန်း တစ်ခု့တက်ဖို့ စက်က မလိုက်နိုင်ဖူး။ I3 8th gen ဆို အသင့်အတင့် ကောင်းပါသေးတယ်။ ဒါပေမဲ့အရမ်းနှေးနေတယ်။ . SSD အရင်တိုးကြည့်ပါ ----------------------- စက်ဖွင့်လိုက်တာနဲ့ ၅မိနစ်လောက်စောင့်ပြီးမှ တက်လာတယ်။ ဒါက Drive က SSD မဟုတ်လို့ နှေးတာပါ။ Window ပြန်မတင်ပါနဲ့ မောသွားမယ်။ speed မြန်တဲ့ SSD Drive အသစ်တစ်ခု့ကို အရင်စိုက် upgrade လုပ်ပြီးမှ Window ပြန်တင်ပါ။

မဟုတ်ရင် HDD က မပြောင်းမလဲရှိနေမှာဖြစ်လို့ အရင်လို software တွေပြန်ထည့်ရင် ပြန်လေး ပြန်နှေးမှာပါပဲ။ . RAM လိုအပ်ရင်တိုးပါ --------------------- Task Manager ဖွင့်လိုက်ရင် မြင်ရပါလိမ့်မယ်။ ကိုယ် ဘာ software မှမဖွင့်ရသေးဖူး RAM 70% လောက်စားနေပြီ။ အဲ့ဒါက Ram 4GB ပဲရှိလို့ပါ။ RAM 4GB ကအရမ်းနည်းလို့ Browsing နဲ့ software အသေးလေးတွေပဲသုံးလို့ရပါမယ်။ RAM 8GB မြင့်လိုက်မှ 70% စားနေရာကနေ 30% ကျော် စားတာလောက်ဖြစ်သွားမှာပါ။ အဲ့ဒီလို အလွတ်ရှိမှ ကိုယ် ဘာမဆို စိတ်ချလက်ချသုံးလို့ရမှာပါ။ .

2 comments:

Unknown said...

cpuမြှင့်မယ်ဆိုရင် boardမှာဘာကြည့်ဖို့လိုလဲ

Unknown said...

..............