menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Phone Charger ဘယ်လိုရွေးချယ်မလဲ

မိမိဖုန်းတွက် သင်လျော်တဲ့ phone charger ဘယ်လိုရွေးချယ်မလဲ လက်တလောမှာ Popular ဖြစ်တာက 20 W ချာဂျာပါ။ ကိုယ်ရဲ့ ဖုန်းမှာကော 20 Watt သုံးသင့်လား မသင့်ဘူးလားဆိုတာက ငြင်းစရာမလိုဘဲ မိမိကိုယ်တိုင် မှန်မှန်ကန်ကန် ဘယ်လို ရွေးချယ်မလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပါရစေ။ ကိုယ့်ဖုန်းဘက်ထရီရဲ့ Watt က ဘယ်လောက်ရှိနေပီလဲ ဘယ်လောက်Watt Charger ကို သုံးရင် သင့်တော်မလဲဆိုတာအတွက်ဆိုရင် Watt , Ampere, Volt ကို အကြမ်းဖျင်း နားလည်သင့်ပါတယ်။ Watt ဆိုတာ Power ပါပဲ။ Power ဘယ်လောက်ရှိလဲဆိုတာနဲ့ Watt ဘယ်လောက်ရှိလဲဆိုတာ အတူတူဖြစ်ပါတယ်။ နောက်တစ်မျိုးက Watt ပြီးမြောက်တဲ့ ပမာဏ တစ်ခုအနေနဲ့လည်း မှတ်ထားလို့ရမှာဖြစ်ပါတယ်။ Watt လို့ပြောလိုက်တာနဲ့ တစ်ဆက်တည်း အရေးကြီးတာက Volt ပါ Volt ဆိုတာ လျှပ်စစ်အစွမ်းသတ္တိ တစ်ခုအနေနဲ့ သတ်မှတ်လို့ရပါတယ်။ Watt နဲ့ Volt ပါဝင်တဲ့အခါမှာ မရှိမဖြစ်ကတော့ Ampere ပါပဲ။ Ampere ဆိုတာကတော့ Electric စီးဆင်းနိုင်မှုနှုန်းလို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာလေးတစ်ခုနဲ့ ရှင်းပြချင်ပါတယ်။ Volt သဘောတရားကို ပတ်ဝန်းကျင်က အရာတွေ အစိတ်အပိုင်းတွေနဲ့ နားလည်အောင် ဥပမာပေးဖို့ မလွယ်နိုင်ပေမယ့် မြင်သာအောင် ဥပမာလေးတစ်ခု ပေးပါမယ်။ 
 
ကျွန်တော်တို့တွေ သစ်ငုတ် တစ်ခုကို တူးတယ်ဆိုပါစို့ သစ်ငုတ်မှာ ဘယ်လောက်အားသုံးမှ သစ်ငုတ်ကို တူးနိုင်မယ်ဆိုတာရှိပါတယ်။ အဲ့အားကို သုံးဖို့အတွက် လူတစ်ဦးထဲက တစ်နာရီနဲ့ ခုတ်တူးနေလို့ မရပါဘူး အကယ်လို့သာ လူနှစ်ဦးက တစ်နာရီ ခုတ်တူးနေမယ်ဆိုရင် အဲ့သစ်ငုတ်ကြီးကို တူးနိုင်သွားတယ်ပေါ့။ အဲ့အချင်းအရာမှာ လူနှစ်ဦး Ampere ဖြစ်ပြီး သစ်ငုတ်ကြီးကို တူးနိုင်မယ့် Power က Watt ဖြစ်နေပါတယ်။ ရေပိုက်ထဲက ရေစီးဆင်းပြီး တစ်ဖက် ကန်ကို ပြည့်သွားတယ်ဆိုရင် ရေပိုက်ရဲ့ လုံးပတ်က Ampere လို့ သိထားနိုင်ပီး ရေကို Volt လို့ သတ်မှတ်နိုင်ပါတယ်။ Ampere အကြောင်း အပေါ်က ပြောကြားမှုမှာ Electric စီးဆင်းနိုင်မှုနှုန်းလို့ သတ်မှတ်ခဲ့ပါတယ်။ ရေပိုက်ရဲ့ လုံးပတ်နဲ့ နှိုင်းတဲ့အခါမှာ တစ်မျိုးမဖြစ်ပါနဲ့ လုံးပတ်ကျယ်ရင် အထဲထဲက စီးဆင်းနိုင်မှု ပိုကျယ်ပြောပါတယ်။ တစ်ဖက်ကန်ကိုလည်း အချိန် တိုအတွင်း အလုပ်ပြီးမြောက်အောင် ဖြည့်ပေးနိုင်တဲ့ စွမ်းရည်ဖြစ်စေပါတယ်။ ဒီဥပမာလေးတွေကို ကြည့်ပြီး အထိုက်အလျောက် နားလည်သဘောပေါက်မယ်လို့ ယူဆပါတယ်။ ဥပမာတွေက ၁၀၀ ရာခိုင်နှုန်း ကွက်တိ မညွှန်းဆိုနိုင်ပေမယ့် တော်တော်လေးနီးစပ်ပါပေတယ်။ Battery တည်ဆောက်မှုနဲ့ ပတ်သက်လာရင် ဆန်းကျယ်မှု ရှိနေပါတယ်။ battery အားပြည့်မှု အားကုန်ဆုံးမှုဆိုတာ Positive Pole နဲ့ Negative Pole မှာ Electron ဘယ်နေရာရောက်နေလဲဆိုတဲ့ပေါ်မှာ ဆုံးဖြတ်သွားတာဖြစ်ပါတယ်။ Battery ရဲ့ Positive Pole ကနေ Electron တွေက Negative Pole ဆီကို ရောက်သွားခဲ့ရင် Battery အားပြည့်ခြင်း အဖြစ်ကို ရောက်ရှိပြီး Negative Pole ကနေ Positive Pole ကို Electron ကူးပြောင်းသွားတဲ့အခါ အားကုန်ခြင်း အဖြစ်ကို ရောက်ရှိပါတယ်။ ဖုန်းတစ်လုံးအသစ်ဝယ်ယူတဲ့အခါမှာလည်း Company အများစုက ဘက်ထရီကို Positive Pole နဲ့ Negative Pole ကို မျှတအောင် Electron ကို ထားတဲ့အနေနဲ့ Battery Percentage ကို 50 Percent Pre Charge လုပ်ထားတာ တွေ့နိုင်ပါတယ်။ ဒီနေရာ Ampere မြင့်မြင့်နဲ့ သွင်းလိုက်တဲ့အခါမှာ battery ထဲရဲ့ Electron စီးဆင်းမှုကို မြန်ဆန်စေမှာဖြစ်ပါတယ်။ အဲ့ဒီမှာ Electron တွေ လျှင်မြန်စွာ Pole နှစ်ခု ကူးပြောင်းချင်းကြောင့် Heat ဖြစ်လာပါတယ်။ Fast Charging လို အားအမြန်သွင်းချင်းကြောင့် ခုလို Heat တက်နိုင်သလို အားကို heavy weight နဲ့ မြန်မြန်ကုန်အောင် သုံးခြင်းကလည်း Heat တက်စေနိုင်မှာဖြစ်ပါတယ်။ ငယ်ငယ်ကသင်ခဲ့တဲ့ equation တစ်ခု အမှတ်ရမိမှာပါ။ Watt = Volt x Ampere ဆိုတာကိုပါ။ ပတ်ဝန်းကျင်မှာရှိနေတဲ့ Charging တွေကို Watt အနေနဲ့ ခေါ်ဆိုမှု တွင်ကျယ်လာတော့ Watt ကို သိဖို့အတွက် ကိုဖုန်း ဘက်ထရီရဲ့ Ampere နဲ့ Voltage ကို သိဖို့လိုအပ်ပါတယ်။ Volt ပမာဏက ထူးထွေသိစရာ မလိုအပ်ပါဘူး များသောအားဖြင့် ဖုန်း Mp4 အများစုက 3.8 V and 4.2 V ပတ်ဝန်းကျင် ရှိတတ်ပါတယ်။ Average 4 V လို့ သတ်မှတ်ထားရင် လုံလောက်ပါတယ်။ အိုင်ဖုန်းအမျိုးအစား အများစုရဲ့ Ampere တွေကတော့… iPhone 6s - 1715 mAh iPhone 6s Plus - 2750 mAh iPhone 7 - 1960 mAh iPhone 7 Plus - 2900 mAh iPhone 8 - 1821 mAh iPhone 8 Plus - 2691 mAh iPhone X - 2716 mAh iPhone Xr - 2942 mAh iPhone Xs - 2658 mAh iPhone Xs Max - 3174 mAh iPhone 11 - 3110 mAh iPhone 11 Pro - 3046 mAh iPhone 11 Pro Max - 3969 mAh iPhone 12 - 2815 mAh iPhone 12 Pro - 2815 mAh iPhone 12 Pro Max - 3687 mAh ဥပမာ 6s Plus မှာ 2750mAh ကို Ah ပြောင်းလိုက်တော့ 2.7 Ah ဖြစ်သွားမယ် 3.8 နဲ့ မြောက်လိုက်တဲ့အခါကျ 10.26 Wh ကို ရမယ် ဒါဆိုရင် 10 Watt လို့ အကြမ်းဖျင်းခေါ်လို့ရတယ်။ 12 Pro Max မှာလည်း 3687 mAh ကို ပြောင်းတော့ 3.6 Ah ဖြစ်တော့ Volt 3.8 နဲ့ မြောက်လိုက်တဲ့အခါ 13.68Wh အကယ်လို့ Volt 3.9 နဲ့ မြောက်ရင် 14.13 Wh ထွက်မယ် ခံနိုင်ရည်အားက 14 Watt ပဲရှိတယ်။ 6s Plus မှာ 10 Watt ကို 5Watt နဲ့ သွင်းတယ်။ 12 Pro Max မှာ 14 Watt ကို 20 Watt နဲ့ သွင်းမယ်ဆိုရင် ဘယ်လိုဖြစ်စေနိုင်မလဲ။ 12 Pro Max မှာ 14 Watt ကို 30 Watt နဲ့ သွင်းမယ်ဆိုရင်ကော ကောင်းပါ့မလား။ အက်ပဲလ်အနေနဲ့ကတော 20 Watt ကို ကြော်ညာတယ် 12 Pro Max မှာ 14 Watt ပဲသုံးတယ်။ အဲ့တော့ 20 Watt ချာဂျာက တကယ် မစစ်တာလား 12 Pro Max ရဲ့ ဘက်ထရီကပဲ နည်းပညာကောင်းလို့ Watt ပြင်းပြင်းတွေ ခံနိုင်အားရှိနေတာလားတော့ မပြောတတ်ဘူး။ ဒါကတော့ Apple က အသိဆုံးဖြစ်မှာပေါ့။ systematically အရတော့ 10 Wh ကို 10 Wh နဲ့ ညီတူသွင်းတာ အရမ်းရှားပါတယ်။ အထူးသဖြင့် Apple လို Company မျိုးရဲ့ Product တွေမှာပေါ့။ အခုကျ အဲ့အခြေအနေကနေ အက်ပဲလ်က 14 Watt ကို 20 Watt နဲ့ ကြောညာတာကတော့ အံ့ဩစရာကောင်းတယ်။ လက်တလောမှာကြော်ညာတာကတော့ 20 Watt ချာဂျာနဲ့ magsafe နဲ့သွင်းဖို့ ပြောထားပေမယ့် 10 Watt ကို 10 Watt နဲ့တောင် ပြိုင်မသွင်းသင့်ပါဘူး။ အဲ့လိုမျိုး Watt တွေမြင့်လာလို့ Battery တွေရဲ့ သက်တမ်းက ဟိုးအရင်က အိုင်ဖုန်းတွေလို နှစ်နှစ်သုံးနှစ် မခံတော့ဘဲ တစ်နှစ်ပတ်ဝန်းကျင်နဲ့ သက်တမ်းတွေကျလာတယ် အဲ့ဒါက ဒါတွေကြောင့်လို့ အရမ်းမစွပ်ဆွဲပါဘူး။ သို့ပေမယ့် သုံးဆွဲသူတွေက ကိုယ့်အသိနဲ့ကိုယ်ပဲ ရွေးချယ်ရမှာ။ အက်ပဲလ်အနေနဲ့က တစ်နှစ်ပဲအာမခံတာ။ 14 Watt battery ကို 20 Watt Charger နဲ့ Magsafe 15 watt သွင်းတယ်ဆိုတာကလည်း တစ်နှစ်တွင်း တော့ သက်တမ်းက ချက်ချင်းကြီးမအိုဘူးလေ။ သို့ပေမယ့် သုံးနှစ်လောက်ခံမယ့် ဘက်ထရီက တစ်နှစ်ခွဲလောက်နဲ့ ယိုင်လာရင်တော့ Apple ကလည်း ပြုံးပြုံးကြီးကြည့်နေပီးတော့ Apple ပရိတ်သတ်တွေပဲ နစ်နာနေနိုင်ပါတယ်။ နောက်ပီး အရေးကြီးဆုံးက ဘူးထဲမှာ ချာဂျာမပါခြင်းကလည်း တကယ်ပဲ ပတ်ဝန်းကျင်အတွက်လို့ Apple စကားပေါ်မှာ ယုံကြည်မိလား... နောက်ထပ်တစ်ခုက 12 Pro မှာ 12 Watt ပဲရှိတယ်ဆိုတာလည်း သတိထားသင်ပါတယ်။ မိမိက ဘယ်လိုဖုန်းပဲကိုင်ထားထား ကြော်ညာတွေပေါ်မှာ အရမ်းမလိုက်ပဲ ထိုက်သင့်တဲ့ Watt ရှိတဲ့ ချာဂျာကိုသာ ရေရှည်အတွက် သုံးသင့်ပါတယ်။ Watt နည်းနည်းနဲ့သွင်းလို့ အားသွင်း ကြာတာပဲ ဖြစ်ပြီး ဘက်ထရီ မအိုနိုင်ပါဘူး Watt များများနဲ့ သွင်းမိရင်တော့ ကိုယ်ဘက်ထရီ လျှင်လျှင်မြန်မြန် ထိခိုက်သွားနိုင်တာမို့ မှန်ကန်တဲ့ Charger ကို ရွေးချယ်သင့်ပါပေတယ်။ တခါတလေ Apple လို Trusted Company တွေက ကိုယ့်ကို ကစားနေနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ 22-11-2020 Aung Thu Ya

No comments: