menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Speaker ဝယ်မယ်ဆိုရင်

စပီကာတစ်ခုရွေးချယ်နည်း အရေးကြီးတာလေးတွေပဲ ရွေးပေးပါရစေ Frequency Range =အသံကြိမ်နူန်းတုန့်ပြန်မူ့ဂွင်ပါ စပီကာတွေဟာ အကောင်းဆုံးထုတ်ပေးနိုင်တဲ့ အသံကြိမ်နူန်း ဂွင်လေးရှိပါတယ် ပုံပါ Pa12-100F လေးဟာ 60Hz to 2500HZရှိတဲ့အတွက် Low-mid စပီကာမျိူးပါ အချို့ Midထောင်တာလိုချင်ရင်3000Hzအထက်ရှိတာရွေးချယ်ကြရမှပါ Lowပဲသုံးချင်ပါတယ်ဆိုရင်တော့ 30hz to 500hzအတွင်းရှိတဲ့စပီကာကိုရွေးချယ်ရမှာပါ Power=စပီကာခံနိုင်ရည်အား (or) စွမ်းအား စပီကာတစ်ခုရဲ့ Powerကို Watt တန်ဘိုးနဲ့ ရေးကြပါတယ် AES Wattဆိုတာကတော့ အဖွဲ့တစ်ခုကပေးတဲ့ Watt ပါ Peak Watt ဆိုတာ ကတော့ အချိန်တိုင်းတာခနသာ အသုံးပြုနိုင်တဲ့Wattပါ ဒါကြောင့်AES Powerကိုသာအသုံးပြုသင့်ပါတယ် မိ့မိ့ပုံးခွံ /မိ့မိ့သုံးမယ့်စက်နဲ့လည်းကိုက်ညီအောင်ရွေးချယ်ဘို့လိုအပ်ပါတယ် Sensivity =အသံတုန်ပြန်မူ့အင်အား Sensitivity ကိုတော့ dbနဲ့ဖော်ပြလေ့ရှိပါတယ် Sensitivity မြင့်လေ.စပီကာရဲ့အသံကျယ်လေပါ ဒီလိုစပီကာကို Efficiency ကောင်းတဲ့စပီကာလို့လည်းဆိုနိုင်ပါတယ် ယျေဘုယျ အားဖြင့် Sensitivity တန်ဘိုးမြင့်လေ စပီကာကောင်းလေလို့ လည်းသတ်မှတ်နိုင်ပါတယ် အထက်ပါ သုံးချက်ကို အဓိကထား ဝယ်ယူနိုင်ပါတယ် ရွေးချယ်ဝယ်ယူ နိုင်ကြပါစေခင်ဗျား ကျေးဇူးတင်ပါတယ် 🙏🙏🙏 
Credit.. ကိုသော်ဇင်အောင်Audio

No comments: