menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPad ကွေးရင် ဘယ်လိုလုပ်မလဲ

iPad ကွေးရင် ဘယ်လိုလုပ်မလဲ
iPad တွေကွေးတယ်ဆိုတဲ့အထဲမှာ.. 2018,2020 ထုတ် iPad များဟာ ပါးလွန်းတဲ့အတွက်ကြောင့် ထိုင်မိတာသော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ကွေးကုန်ပါတယ်.. ကွေးတာလွယ်သလို.. ပြန်ဖြောင့်ဖို့အတွက်လည်း နည်းလမ်းသိရင် လွယ်ပါတယ်.. ပုံမှာပြထားတဲ့နည်းလေးက ကျနော်ကိုယ်တိုင် ကြုံတွေ့လို့ လက်တွေလုပ်ဆောင်ထားတဲ့နည်းလေးဖြစ်ပါတယ်.. ပုံထဲကအတိုင်း ကွေးနေတဲ့ iPad ကို မှောက်ထားပြီး.. ကွေးတဲ့အပေါ်မှ ခဲတံ(သို့)ဘောပင်လေးဖြင့်ခံပြီး စာအုပ် ၄,၅ အုပ်ခန့်ထပ်ထားပါ.. (ဒီနေရာမှာ ကွေးတဲ့အကွေး အနည်းအများအလိုက် စာအုပ် အနည်းများ ချိန်ငြှိပါ..) စိတ်စောပြီး စာအုပ်အများကြီး မထပ်ထားစေလိုပါ.. ပြီးရင် အဲ့ဒီအတိုင်း ၄,၅ နာရီ(သို့) တစ်ညလုံးပစ်ထားလိုက်ပါ.. မနက်ရောက်တဲ့အခါ.. ကွေးနေတဲ့ မိမိiPad လေး အကောင်းပကတိပြန်ဖြစ်နေတာ တွေ့ရပါလိမ့်မယ်.. အားလုံးအဆင်ပြေနိုင်ကြပါစေ.. ZMC

No comments: