menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Copper မိတ္တူစက်အား အမြဲသန့်ရှင်းရေးလုပ်ရမည့် အစိတ်ပိုင်းများ

 


 မိတ္တူကူးစက်အား အမြဲသန့်ရှင်းရေးလုပ်ပေးရမည့် အရေးကြီးအစိတ်အပိုင်းများ။
=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=

မိတ္တူကူးစက်ထိန်းသိမ်းစောင့်ရှောင်တဲ့အခါမှာ အမြဲတမ်းလုပ်ပေးရမယ့် အရေးကြီးဆုံးအလုပ်ဟာ သန့်ရှင်းရေးလုပ်ပေးတဲ့အလုပ်ဖြစ်ပါတယ်။ စက်​၏အရေးကြီး အဓိကကျတဲ့အစိတ်အပိုင်းတွေကို အမြဲသန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် ပြဿနာအများစုကို လျော့ချစေနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ပေးရမယ့် အစိတ်ပိုင်းတွေကို သေချာလေ့လာပြီး ဘယ်လိုသန့်ရှင်းရေးလုပ်ရမယ်ဆိုတာကို သိကျွမ်းနားလည်ရင်တော့ စက်အတွက်ပြုပြင်ရန်ကုန်ကျသောစရိတ်တွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့် မိမိ​၏မိတ္တူကူးစက်ကို အမြဲသတိထားသန့်ရှင်းရေးလုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အဓိကအရေးကြီးလုပ်ရမယ့် အစိတ်အပိုင်းတွေကိုနည်းနည်းမျှဝေပေးလိုက်ပါတယ်။



- Scanner unit ထဲမှာဆိုရင် original glass, mirror, lens, lamp တွေကိုအဓိကထားသန့်ရှင်းရေးလုပ်ပေးရပါမယ်။

- Fusing unit မှာတော့ Corona wires, charge roller, fuser lamp နှင့် သူတို့ကိုထိုင်ထာတဲ့အထိုင်ခွက်တွေကို အဓိကထားသန့်ရှင်းရေးလုပ်ပေးရပါမယ်။

- Drum unit ထဲမှာတော့ Drum နှင့် erase lamps တို့ကိုအဓိကထားလပ်ဆောင်ပေးရမယ်။

- iTB unit မှာတော့ Belt နှင့်သူကိုသန့်ရှင်းရေးလုပ်ပေးတဲ့ Blade တပ်ဆင်ထားတဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းရေးအမြဲလုပ်ပေးပြီး ထွက်ရှိလာတဲ့စွန့်ပစ်မင်တွေကိုလဲ သွန်ပေးရပါမယ်။

- Roller တွေနှင့်ပတ်သတ်လာရင်တော့ pick up roller, transport roller, fusing roller စသည်တို့ကိုအဓိကထားသန့်ရှင်းရေးလုပ်ပေးသင့်တယ်။

ခုရှင်းပြခဲ့တဲ့အစိတ်အပိုင်းတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အရမ်းမခက်ခဲပါဘူး။ Fuser ပိုင်းလောက်ပဲနည်းနည်းရှုပ်ထွေးမှာပါ။ ဒါကလည်း လေ့လာရင်ရမှာပါ။ ဒီအစိတ်ပိုင်းတွေကို ကျွမ်းကျင်စွာ အမြဲသန့်ရှင်းရေးလုပ်ပေးနိုင်မယ်ဆိုရင် မိတ္တူကူးစက် မှာဖြစ်ပေါ်တတ်တဲ့ ပြဿနာတော်တော်များများကို လျော့ချနိုင်စေပြီး ကုန်ကျစရိတ်ကိုလည်းသက်သာစေနိုင်ပါတယ်။ အသုံးဝင်မယ်ထင်ရင် အားလုံးသိအောင် share လိုက်ကြပါအုံးဗျာ။

No comments: