menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Mac mini M1 အကြောင်း

Apple က သေးငယ်ပြီးပါးလျတဲ့ Mac mini ကို 2005 ခုနှစ်တည်းကစတင်မိတ်ဆက်ခဲ့ပါတယ်။ 6 လက်မခန့် ပတ်လည်နဲ့ အမြင့် ၂ လက်မနီးနီးသာရှိတဲ့ Mac mini က desktop computer တွေရဲ့ system ပုံးတွေအစား သယ်ဆောင်ရလွယ်ကူစေမယ့် mini Computer အနေနဲ့ အစားထိုးနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ပေးခဲ့တာပါ။ နောက်ဆုံး ထွက်ထားတဲ့ Apple Silicon Chip နဲ့ Mac mini ဟာ M1 Mac တွေထဲမှာ စျေးနှုန်းအချိုသာဆုံးဖြစ်ပြီး M1 performance လိုချင်တဲ့ desktop သမားတွေအတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။ အခု Mac mini မှာတော့ M1 ကြောင့် unified memory 16GB ထိသာ upgrade လုပ်နိုင်ပြီး SSD ကိုတော့ 2TB အထိ upgrade နိုင်မှာဖြစ်ပါတယ်။ 6K monitor display support ပေးနိုင်ပြီး အရင် intel CPU တွေထက် 3 ဆ, Graphic 6 ဆ နဲ့ Machine Learning မှာ 15 ဆအထိ မြန်လာပါတယ်။ Fan ပါသေးတာမို့ heavy task တွေမှာဖြစ်တတ်တဲ့ thermal issue တွေလည်း နည်းသွားဦးမှာပါ။ Mac mini မှာ ethernet port တစ်ခု၊ 6K monitor support ပေးတဲ့ HTMI port တစ်ခု၊ Thunderbolt 3 ports 2ခု၊ USB 3.0 2 ခု​ နဲ 3.5mm headphone jack ပါ ပါသေးတဲ့အတွက်​ကြောင့် external device တွေအတွက် လုံလောက်တဲ့ port အရေအတွက်ရှိတယ်လို့ဆိုရပါမယ်။
Mac mini စျေးနှုန်းအနေနဲ့ 8GB memory, 256GB SSD ကို မြန်မာငွေ 1,190,000 ခန့်နဲ့ဝယ်ယူရရှိနိုင်ပြီး M1 chip ရဲ့ perfomance ကို စျေးသက်သက်သာသာနဲ့ရတယ်လို့ဆိုရပါမယ်။ iP-Apple Products

No comments: