menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Car နှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်

 


"ကားနှင့်ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်များ”
၁။ ကားစက် စနှိုးမယ် ဆိုရင် ၃ ခါထက်ပိုပြီး မရမချင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား starter motor ကြောင့်လား ဆီကုန်နေတာလား သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။ (ဟွန်းတော့ကောင်းရမယ်😁😁)
 
၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက္ကန့်) လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။ အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။ ပြီးရင်လည်းလီဗာ(accelerator) ကို တန်းပြီး တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွားအောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။
 
၃။ ဆီ ထည့်တဲ့ နေရာမှာလည်း
 
၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့ ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင် ထိုးမရပ်မချင်းစီးတော့တာပါပဲ။ owner manual / service manual စတဲ့ စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင် online ကနေရှာ ဖတ်လို့ရပါတယ်။ ဒီမှာက ကိုက်ညီတဲ့ octane number သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ် 92 နဲ့ 95 ပဲထည့်ရတာပါပဲ။ 
 
၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့် 3000 km တစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား ကောင်းရင် ကောင်း သလို 5000 km ထိရတာလည်းရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level (lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်များများ က customer အကြိုက် အင်ဂျင်ဝိုင်ပုံး အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်များခြင်းဟာ နည်းခြင်းနဲ့ ဆိုးကျိုးအတူတူပါပဲ။ အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါတယ်။
 
၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။ over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။ ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့ dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး (ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။ အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။ Theory အရ ATF ကို CVT မှားထည့်တာထက် CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။ ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။ ဥပမာ Honda GD1 ဆိုရင် HMMF CVT ပါ။ Mitsubishi Colt ဆိုရင် dip stick မှာ ATF (original) ရေးထားပေမယ့် CVT ဂီယာဘောက်စ် ပါ။
 
၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။ ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေးသလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့ အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။ plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ လေးနဲ့ပဲ ဆေးရမှာပါ။ ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံးပါ။
 
၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။ (ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင့်ပါနှင့်) အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် ရေသန့်လေးဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင် ပြန်ဖွင့်ကြည့်ပါ။ လျော့နေရင် leakage ဖြစ်နေတာပါ။ တစ်ပတ်တစ်ခါ ပြည့်နေရင်တော့ မလိုပါ။
 
၈။ တာယာလေပေါင်ကို driver door နောက်မှာ ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်တဲ့ ကိရိယာလေး ဝယ်ထားပါ (၃၀၀၀ ကျပ်) တချို့ဆိုင်တွေက လေပေါင်တော်တော်များပါတယ်။ အကြောင်းက လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။ သတိထားပါ။ တာယာတွေကတော့ Theory မှာ ၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး ၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။ တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း ၆ နှစ်ပဲဆိုတာ သတိထားပါ။
၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။
 
၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့ လိုမည်မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။ ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။😊😊😊
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါရစေ။ Swift, Vitz, Fit, Ractis, Demio, Colt, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့ ကားတွေက Hatchback အမျိုးအစားပါ။ Axio, Belta, Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့ကားတွေက Saloon (Sedan) ကားတွေပါ။ 
 
AD van, Mark II Blit တို့လိုက Station wagon (van) တွေပါ။ တံခါး ၅ပေါက်မှာမှ suzuki Rplus လို နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။ Wish တို့ Ipsum တို့ က MPV (Multipurpose vehicle) ပါ။ စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။ ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။
Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။2 rpm မဟုတ်ပါ။ 
 
Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း model တွေက 1.2 များပါတယ်။ March, Latio, Note ပုံပြောင်းလေးတွေက 1.2 ပါ 1.3 မဟုတ်ပါ။ ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။
Thermostat ကို မထုတ်ကြပါနဲ့။ Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။လိုအပ်လို့ထည့်ပေးထားတာပါ။

Car တွေကို ရောင်းမယ်ဝယ်မယ်ဆိုရင် ဒီ apk လေးဆောင်ထားပါ.. 

https://www.zmcdownload.com/2021/09/myanmar-car-search-buy-sell-rent.html

No comments: