menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Car ရီမုတ်နဲ့ဖွင့်မရခဲ့ရင်

 

အရေးကြီးချိန် ရီမု နှင့် ဖွင့်မရခဲ့ရင်
🔹 နောက်ပိုင်းထုတ် မော်ဒယ်မြင့် ကားတွေမှာ လက်ဆွဲကွင်းမှာ သော့ ပေါက် မမြင်ရတော့ပါဘူး.  သော့တံလည်း မတွေ့ရတော့ပါ..
ဒီကားတွေ ဖြစ်တတ်တာက
  အရေးကြီးချိန်မှာ ရီမု နှင့် ဖွင့်မရခဲ့ရင် သော့တံ မရှိ ၊ သော့လှည့်ဖွင့်ပေါက်မပါ သလို ဖြစ်နေပါတယ် ..
🔹 ဒီအချိန်မှာ
ဘယ်လိုဖွင့်မလဲ ဆိုတော့ .
🔹 ရီမု ဓာတ်ခဲ အားကုန်ချိန် အရေးပေါ်  တံခါးဖွင့်နိုင်ရန် အတွက် ရီမု မှာ သံသော့ တချောင်း ထည့်သွင်းပေးထားပါတယ် ။
🔹 Toyota နှင့် Lexus  အတွက် ရီမု မှာ ပါသော ခလုတ် (ပုံပါ) ကို ဆွဲဖွင့်၍
အရေးပေါ်သုံး သံသော့တံ ကို ထုတ်ယူရပါမယ် ..
🔹 ယာဉ်မောင်းဘက်တံခါး လက်ဆွဲ ကွင်း ရှိ (မော်ဒယ် ဟောင်းတွေမှာ  သော့လှည့်ပေါက်ရှိသော နေရာ ) နီကယ် ဖုံး ကို အောက်မှ ကြည့်လျှင် သော့တံ ကလန် ဖွင့်ရန် အပေါက်လေး ပါ ပါတယ်
ထို အပေါက်ကို ကလန် ဖွင့် လိုက်ရပါမယ် ..
🔹 နီကယ်ဖုံး ကွာသွားပါက အတွင်းမှာ ရှိတဲ့ ဝှက်ထားသော သော့အိမ်  ကို တွေ့ရပါမယ် ..
🔹 သော့အိမ် တွေ့ပီး သော့တံ ရှိနေမှတော့ တံခါး ပွင့်ပြီပေါ့ဗျာ..
🔹 ခွာထားတဲ့ နီကယ်ဖုံး အား ပြန်တပ်ထား ချင် တပ်ထားလို့ ရပါတယ် ..  (ကလစ် အတက်ကလေး ကျိုးသွားရင်တော့ ပြုင်ပီးမှသာ တပ်ပါ )
🔹 စက်နိုးဖို့ကတော့
ရမု ကို ပုံတွင်ပြထားသလို
push start ခလုတ်
နား ကပ် ၍ နိုးလိုက် ရုံပါ..
Credit original upload

No comments: