menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Car ဘရိတ်စနစ်ချို့ယွင်းသော လက္ခဏာများ


 🔹ဘရိတ်စနစ်ချို့ယွင်းသော လက္ခဏာများ🔹
🔹ဘရိတ်စနစ်သည် မော်တော်ယာဉ်တစ်စီး၌ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ဘရိတ်ပေါက်၍၊ ဘရိတ်မမိတော့၍ ယာဉ်တိုက်မှုသတင်းများ မကြာခဏ ကြား နေရသည်။
 🔹လမ်းပေါ်တွင် မောင်းနှင်သွားလာနေသော မော်တော်ယာဉ်တစ်စီးသည် အရေးပေါ် အခြေအနေ အမျိုးမျိုး၌ ရွေ့လျားနေသော အရှိန်ကို ရပ်တန့်ရန် ဘရိတ်စနစ်တစ်ခုလုံး ထိရောက်ကောင်းမွန်ရမည်။ ယာဉ်မောင်းသူသည် စိတ်တိုင်းကျ ဘရိတ်မဖမ်းနိုင်ပါက လမ်းပေါ်တွင်ရှိသော အခြားကားများနှင့် လမ်းဖြတ်ကူးသူများကို ဝင်တိုက်နိုင်သည်။
 🔹ဘရိတ်စနစ်ကောင်းမွန်နေရေးသည် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းသူ၏ တာဝန်ဖြစ်သည်။ ဘရိတ်မကောင်းသည်ကိုသိလျှင်ချက်ချင်း ပြုပြင်ရမည်။ "မှေးမောင်းထားဦး နောက်မှပြင်မယ်" ဆို၍မရပါ။ ဘရိတ်ကောင်းကောင်းမမိသော၊ ချို့ယွင်းချက်ရှိသော ကားတစ်စီးသည် လမ်းပေါ်တွင်ရွေ့လျားနေပါက အန္တရာယ်ကို ဖိတ်ခေါ်နေသည်နှင့်တူပါသည်။
  အဖြစ်များသောဘရိတ် ပြဿနာများ
- ဘရိတ်ဖမ်းလျှင် ရှူးခြမ်း အသံ မြည်ခြင်း
- ဘရိတ်နင်းလိုက်လျှင် ခြေနင်းတံ (Paddle) အောက်ခြေနားရောက် မှမိခြင်း
- ဘရိတ်နင်းရသည်မှာ ပျော့လွန်းနေခြင်း
- တစ်ချက်တည်းနင်းလျှင်မမိ၍ ထပ်ခါထပ်ခါ တော့နင်းနေရခြင်း
- ဘရိတ်ချောနေခြင်း
- ခြေနင်းတံနင်းလိုက်လျှင် တုန်ခါမှုကို ခြေဖျားတွင်ခံစားမိနိုင်ခြင်း
- ဘရိတ်ခြေနင်းတံ အပေါ်ဆုံးသို့ ရောက်နေခြင်း
- ဘီးတစ်ဖက်ဖက်တွင် ဘရိတ်ငြိပြီး ညှော်နံ့ထွက်လာခြင်း
- ဘရိတ်နင်းလျှင် ကားတစ်ဖက်သို့ ဆွဲသွားခြင်း
- ဘရိတ်ခြေနင်းတံနင်းရသည်မှာ မာလွန်းနေခြင်း
- ဘရိတ်ခြေနင်းတံနင်းလိုက်လျှင် ဆာဗိုယူနစ်မှ လေချွန်သံထွက်ခြင်း
- (Wheel Cylinder) ဘီးဆလင်ဒါမှ ဘရိတ်ဆီများ ယိုစိမ့်နေခြင်း
- ဘရိတ်ပိုက်ပျော့မှ ဘရိတ်ဆီယို စိမ့်ခြင်း
- ဘရိတ်လေခိုနေခြင်း
- မာစတာဘရိတ်ဆုံတွင် ဘရိတ်ဆီ မကြာခဏ လျော့နည်း၍ ထပ်ဖြည့်နေရခြင်း
- ဘရိတ်ရှူးခြမ်းများပါးလွန်းနေခြင်း
- ဒစ်ဘရိတ် Pad မှ ရှူးလိုင်နာပါး လွန်းနေခြင်း
- ဘရိတ်ရှူးခြမ်းများ ဝေးလွန်းနေခြင်း
- ဘရိတ်ဝါရှာပေါက်ခြင်း
- ဘရိတ်ဒရမ်များတစ်ခြမ်းစောင်းစားနေခြင်း
- ဒစ်ဘရိတ်တွင် ဒစ်ပြားမျက်နှာပြင်၌ အစင်းလိုင်းများပေါ်နေခြင်း
- နောက် Drive Shaft မှ ဝိုင်းဆီးပေါက်၍ ကရောင်းဝိုင်များယိုစိမ့် ပြီး ဘရိတ်ချောခြင်း
- Back Plate အထိုင် Nut များ ချောင်နေ၍ ဘရိတ်နင်းလိုက်လျှင် အသံထွက်ခြင်း
- ဒစ်ဘရိတ်တွင် ဘရိတ်ကလစ် အထိုင် Nut ချောင်၍ အသံထွက်ခြင်း
- ဘရိတ်ပိုက်အဆက်များမှ ဆီယိုစိမ့်ခြင်း
- ဒစ်ဘရိတ်ငြိနေခြင်း
- ဘရိတ်ဆာဗိုမူမမှန်ခြင်း
- ဆာဗိုအိုးထဲသို့ဘရိတ်ဆီများ ရောက်နေခြင်း
- Vaccum Pump လေဆွဲအားမကောင်း၍ ဆာဗိုယူနစ် ကောင်းကောင်းအလုပ်မလုပ်နိုင်ခြင်း
  အထက်ပါအချက်များသည် ဘရိတ်စနစ်တွင် ဖြစ်တတ်သောပြဿနာများဖြစ်ပါသည်။ မူမမှန်သော အထက်ပါဘရိတ်ပြဿနာများသည် ဘရိတ်စနစ်ချို့ယွင်းသော လက္ခဏာများဖြစ်သည်။
Credit original upload

No comments: