menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Car ဆီစားသက်သာစေရန် လုပ်မိတတ်သော အမှားများ


 အလွန်မှားယွင်းနေကြတာ ဆီစားသက်သာချင်သူကိုကိုများ သတိပြုစရာ .......
Neutral Gear N နှင့် မောင်း(ဖရီးရိုက်)ရင် ဆီစား သက်သာ နိုင်မလား? ကားမောင်းနေစဉ် အတွင်း ဆီစား သက်သာဖို့အတွက် ဂီယာကို N မှာထားကာ မောင်းနှင် တတ်ကြပါတယ်။ ( ရိုးရိုးဂီယာ လို)
ယခုလို အပြုအမူမျိုးကို အထူးသဖြင့် Taxi ကားများမှာ မြင်တွေ့ရနိုင်ပါတယ်။ N ဂီယာကို Auto ကားတွေမှာ တပ်ဆင်ထားရတဲ့ ရည်ရွယ်ချက်ကတော့ ကားပျက်တဲ့အချိန်နှင့် ကားကိုဆွဲလာရတဲ့ အချိန်မျိုးမှာ အသုံးပြုဖို့တပ်ဆင် ထားတာ ဖြစ်ပါတယ်။ကားမောင်းနေရင်း ဆီစားသက်သာစေဖို့ အတွက် တပ်ဆင်ထားတာ မဟုတ်ပါဘူး။
ယခုလို ပြုလုပ်လိုက်လို့လည်း သင့်ကားဆီစားနှုန်း သက်သာ လာမှာ မဟုတ်ပါဘူး။အခြား တိုင်းပြည်တွေမှာ ကုန်းဆင်းကို N ဂီယာထိုးပြီး ဆင်းလာတာမျိုးကို မပြုလုပ်ရဘူး ဆိုတဲ့ တားမြစ်ချက်တွေ ရှိပါတယ်။
အင်ဂျင်လည်ပတ်နေတာဖြစ်လို့ ဆီစားနှုန်း ကလည်း ထင်သလို သက်သာမှာ မဟုတ်ပါဘူး။N မှာထားပြီး အင်ဂျင်စက်သတ်လိုက်မယ်
ဆိုရင်တော့ ပိုအန္တရာယ် များပါတယ်။ကားတွေရဲ့ဘရိတ်စနစ်က အင်ဂျင်လည်ပတ်နေတဲ့ အချိန်မှာပဲ ကောင်းမွန်စွာအလုပ် လုပ်တာ ဖြစ်နေလို့ပါ။အထူးသဖြင့် N မှာထားပြီး ဘရိတ်အုပ်ခြင်းက ဘရိတ်ကို သာမန်အချိန်ထက် ပိုမို အသုံးပြုရ သောကြောင့် ရေရှည်မှာ ဘရိတ်စနစ်ကို ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ကားမောင်းနေစဉ် အတွင်း ဂီယာကို N မှာထား၍ မမောင်းနှင်သင့်ပါဘူး ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်
Credit

No comments: