menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Honda Fit ဝယ်မည့်သူများ အတွက်

 

Honda Fit Shuttle ကို ဝယ်မည့်သူများ အတွက်အထောက်အကူဖြစ်စေရန် Model Year ၊ Grade ခွဲနည်းများအကြောင်းကို တင်ပေးလိုက်ပါတယ်-


Honda Fit Shuttle မှာ 1.3 Hybrid(GP2) နဲ့ 1.5 Petrol Only(GG7) တို့ဖြင့်လာပြီ ဒီမှာအသုံးများတဲ့ Fit Shuttle Hybrid(GP2) အကြောင်းပဲပြောပါမယ်၊
Model Year
----------
Fit Shuttle ကို 2011/6 လပိုင်းတွင်စတင်ထုတ်ပြီ 2013/8 လပိုင်းမှာ အတွင်းအပြင်ရုပ်အနည်းငယ်ပြောင်းလဲသွားပါတယ်၊ Grade တွေကလဲ Model ပေါ်မှုတည်ပြီ ကွဲပြားသွားပါတယ်၊


Grade ခွဲများ

----------
2011/6 ~ 2012/6 လပိုင်းထိ C grade , Hybrid grade , Smart Selection grade , Navi Premium Selection grade တွေလာပါတယ်၊ ဒီမှာ မှတ်သားစရာတစ်ခုက 2012/6 လ နောက်ပိုင်းမှာ ကျွန်တော်တို့မြန်မာတွေကြိုက်ကြပြီ Premium ဂရိတ်မှာပါတဲ့ ပ စောက်တီဗွီကိုမထုတ်တော့ပါဘူး၊ နောက်ပိုင်းမော်ဒယ်မြင့်တွေမှာ Honda ရဲ့ genuine audio access ဖြစ်တဲ့ Gathers TV တွေနဲ့ပဲလာပါတော့တယ်၊ ဒါကြောင့်မို့လို့ 2012/6 နောက်ပိုင်းမှာ ပ စောက်တီဗွီပါတဲ့ Premium ဂရိတ်လဲမရှိတော့ပါဘူး၊
2012/7 ~ 2013/7 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade , Hybrid Fine Line , Hybrid Smart Selection Fine Line ဆိုတဲ့ Limited ဂရိတ်တွေထပ်ထွက်လာပါတယ်၊
ရုပ်ပြောင်းဖြစ်တဲ့ New Facelift တွင် 2013/8 ~ 2013/11 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade ထုတ်ပြီ 2013/12 ~ 2014/4 လပိုင်းမှာ Hybrid Cool Edition , Hybrid Smart Cool Edition ဆိုတဲ့ Limited ဂရိတ်တွေအဖြစ်ထုတ်ခဲ့ပါတယ်၊
-
ဂရိတ်ခွဲတွေရဲ့အကြောင်းကို အကြမ်းဖျဉ်းပဲပြောပြပါ့မယ်၊ ဘာလို့လဲဆိုရင် ဂျပန် first ower က သူ့စိတ်ကြိုက်ဆင်ပြီစီးထားတဲ့ကားဆိုရင် မှန်းရခက်ပါတယ်၊ ဒါပေမယ့် ဘယ်ဂရိတ်မှာ ဘယ်ဟာတော့ပါရမယ် ဆိုတာကိုပြောပါမယ်..
C grade က အနိမ့်ဆုံးဂရိတ်ပါ၊ ဘက်မှန်မီးချောက်မပါ ပါးခြမ်းမီးနဲ့၊ ရိုးရိုးထိုင်ခုံ၊ Curise Control မပါ၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ် မပါ၊ Side Skirt မပါ၊ လက်ကိုင်ကွင်းတစ်ခုသာပါ ပါသည်၊
Hybrid grade တွင်အတော်စုံလင်လာပါတယ်၊ ဘက်မှန်မီးချောက် ပါးခြမ်းမီးမပါဝင်တော့၊ half leather seats၊ curise control၊ Aircon ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ်၊ Side Skirt ပါ၊ လက်ကိုင်ကွင်းလေးကွင်းတွေပါသွားပြီဖြစ်ပါတယ်၊
Smart Selection grade မှာ smart key system၊ HID headlight၊ စတီယာရင်ကြိုးချုပ်၊ ရှေ့လေကာမှန် ဆန်းရှိတ်ဖြစ်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊
Navi Premium Selection grade ကအစုံဆုံးဂရ်ိတ်ဖြစ်ပြီ ပ စောက်တီဗွီ၊ Cool Box၊ စီယာရင်ကြိုးချုပ်၊ ဘက်မှန် ရှေ့လေကာမှန် အပူပေးစနစ်၊ foglight၊ နောက်ယင်လိပ်၊ alloy wheels တို့ပါဝင်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊
Hybrid Fine Line ကို 2012 နှစ်လယ်လောက်မှာစထုတ်တဲ့ Limited ဂရိတ်ဖြစ်ပါတယ်၊ ပါးခြမ်းနှစ်ဖက်တွင် hybrid တံဆိပ်၊ အအေးဗူးထည့်ခွက်အတွင် မီး၊ စတီယာရင်ကြိုးချုပ် တို့ဖြစ်သွားပါတယ်၊ ကျန်တာ Hybrid ဂရိတ်အတိုင်းပဲဖြစ်ပါတယ်၊
Hybrid Smart Fine Line က smart key system၊ HID headlight၊ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊
-
2013 Smart Selection grade ရုပ်ပြောင်းမှာတော့ paddle shift၊ smart key system၊ အဲကွန်း ion လေသန့်စနစ်၊ ထိုင်ခုံအပူပေးစနစ်၊ နောက်ထိုင်ခုံလက်တင်၊ ကျန်တာ Navi Premium ဂရိတ်အတိုင်းဖြစ်ပါတယ်၊
Hybrid Cool Edition ကို 2013late နဲ့ 2014 မှာသာတွေ့ရပါတယ်၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊
Hybrid Smart Cool Edition က smart key system၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ 2013 Smart Selection grade အတိုင်းပဲဖြစ်ပါတယ်။
Credit Aung Pyae

***********************************



𝐇𝐨𝐧𝐝𝐚 𝐅𝐢𝐭 𝐆𝐄𝟔 ၏ 𝐆𝐫𝐚𝐝𝐞 အခွဲများ

 

Honda Fit ရဲ့ GE6 မှာ Grade အနေနဲ့ G ၊ GF ၊ G Smart ၊ L ၊ She’s ၊ 10 Anniversary ဆိုပြီး Grade အခွဲတွေ ရှိပါတယ်။ အဲဒီ ထဲကမှ G Grade က အနိမ့်ဆုံးဂရိတ်လို့ပြောရပါမယ်။
▪️𝙂 𝙂𝙧𝙖𝙙𝙚
အဲဒီ Grade ရဲ့ ပွဲစားအခေါ်က G ကတုံးပဲဖြစ်ပါတယ်။ Aiccon ခလုတ်လက်လှည့်၊ မောင်းသူထိုင်ခုံ အနိမ့်အမြင့် မပါ၊ မှန်ဖြူ၊ ပါးခြမ်းမီး၊ မှန်ချိုးမှန်ခေါက်မပါလို့ Honda Fit G ကို ကတုံး Grade လို့ ခေါ်ပါ တယ်။ တခြား Grade တွေထဲမှာ စျေးအသက်သာဆုံး Grade လည်း ဖြစ်ပါတယ်။
▪️𝙂𝙁 𝙂𝙧𝙖𝙙𝙚
G ကတုံးထက်မြင့်တဲ့ GF Grade မှာတော့ Aircon လက်လှည့်၊ ဘက်မှန်မီး၊ မှန်ချိုးမှန်ခေါက်၊ မောင်းသူထိုင်ခုံ အနိမ့်အမြင့် ဖြစ်သွား ပါတယ်။
▪️𝙂 𝙎𝙢𝙖𝙧𝙩 𝙂𝙧𝙖𝙙𝙚
G Smart ကတော့ G Grade ပုံမှန်ထက် ထူးခြားလာတာက Smart Key ၊ Push Turn ဖြစ်သွားတာပါ။ ကျန်တာတွေတော့ G Grade မှာပါတာမှန်သမျှ အကုန်ပါတာ တွေ့ရပါတယ်။
▪️𝙇 𝙂𝙧𝙖𝙙𝙚
L Grade က အမြင့်ဆုံး Grade ဖြစ်ပါတယ်။ အဲဒီ Grade မှာ Smart Key(Push Turn) ၊ Digital Aircon ၊ ဘက်မှန်မီး၊ မှန် ချိုးမှန်ခေါက်၊ Original HDD TV (ပစောက် TV) ၊ Original Back Camera 90 ၊ နောက်စပယ်ယာဘီး၊ နောက်စပယ်ယာဘီးအပေါ်ဖုံး ပိုက်ကွန်၊ Original Speaker လေးလုံး ဖြစ်သွားပါတယ်။
▪️𝙎𝙝𝙚’𝙨 𝙂𝙧𝙖𝙙𝙚
ဒီ ဂရိတ်ကတော့ She’s ဆိုတဲ့အတိုင်း မိန်းကလေးတွေအတွက် အထူးထုတ်ထားတဲ့  Grade ဖြစ်ပါတယ်။ Smart Key Cover ကအစ ကားရဲ့အရောင်အတိုင်း လုပ်ပေးထားတယ်။ Aircon Display ဘေးက အဝိုင်းလေးတွေလည်း ပန်းဆီရောင်၊ ခြေနင်းအခင်းတွေ၊ She’s Logo လေးတွေနဲ့ ကားအတွင်းခန်း တော်တော်များများမှာ မိန်းကလေးကြိုက်တဲ့ အရောင်တွေနဲ့ အလှဆင်ထားတာတွေ့ရပါတယ်။ ကျန်တာကတော့ L Grade နဲ့ တူပါတယ်။
▪️10 𝘼𝙣𝙣𝙞𝙫𝙚𝙧𝙨𝙖𝙧𝙮 𝙂𝙧𝙖𝙙𝙚
10 Anniversary ဆိုတာကတော့ Honda Fit ထုတ်လုပ်မှု ၁ဝ နှစ်ပြည့်အထိမ်းအမှတ် အထူးထုတ်ထားတဲ့ Grade ကို ဆိုလိုပါတယ်။ ကားရဲ့ပါးခြမ်းနဲ့ အနောက်ဖုံးနားမှာ 10 Anniversary Logo လေးတွေ ကပ်ထားတာကို တွေ့ရပါတယ်။ အတွင်းခြေနင်းခင်းတွေမှာလည်း 10 Anniversary Logo လေးတွေ ထည့်သွင်းပေးထားပါတယ်။ Smart Key ၊ Push Turn ဖြစ်ပြီး ကျန်တာကတော့ G Grade နဲ့ တူပါတယ်။ Mugen ၊ Modulo တွေနဲ့ကတော့ Grade နဲ့မဆိုင်ပါဘူး။ ဂျပန်မှာစစီးတဲ့ Owner ရဲ့ Optional ဖြစ်ပါတယ်။
Credit : Original Uploader

https://www.facebook.com/106713977798223/photos/a.107668451036109/302109188258700/

No comments: