menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

VIN ဂဏန်း/စာလုံး 17 လုံးကနေ ကားမော်ဒယ် ကြည့်နည်း


 ကား VIN ဂဏန်း/စာလုံး 17 လုံးကနေ ကားမော်ဒယ် ကြည့်နည်း။
VIN ( Vehicle Identification Number)
ယာဉ်သက်သေခံနံပါတ် မှာ ဂဏန်း/စာလုံး 17 လုံး ပါ ပါတယ်။
🔹 ထို ဂဏန်း/စာလုံး 17 လုံး မှ 10လုံးမြောက် ဂဏန်း/စာလုံး ကိုကြည့်ပြီး ဘယ် ခုနှစ်ထုတ်လဲ ဆိုတာ အတိကျ ပြောနိုင်ပါတယ်။
ပုံမှာပြထားတဲ့🔹  အနီရောင်စာလုံး G က 2016 လို့ သတ်မှတ်ပါတယ်။
🔹 1980 မတိုင်မီက (ထုတ်လုပ်တဲ့ခုနှစ)် က 6 ခုမြောက် အနေအထား၌ရှိခဲ့တယ်။
🔹 1980 ခုနှစ်တွင် (ထုတ်လုပ်တဲ့ခုနှစ)် က 10 ခုမြောက် အနေအထား မှာ ရှိပါတယ်။
ဥပမာ။   ။A ဆိုရင်  1980 or  2010 ပါ။
            K ဆိုရင်   1989 or  2019 ပါ။
            X ဆိုရင်   1999 or  2029 ပါ။
            9 ဆိုရင်   2009 or  2039 ပါ။
🔹 A က 1980 ; 2010 ; 2040 ;2070 ကို ကိုယ်စားပြုပါတယ်။
🔹 VIN မှာ ထူးထူးခြားခြား 10လုံးမြောက် ဂဏန်း/စာလုံး မှာ
(I.. O .. Q.. U & Z ,ဂဏန်း 0)  လုံးဝ မပါ ပါ။
ပါရင်တော့ VIN အတုပါ။ (ချွင်းချက် အချို့ရှိ)
🔹 VIN ကို ဘယ်မှာ ကြည့်ရမလဲ ဆိုရင်
အများအားဖြင့်
* ကားမောင်းသူ ရှေ့ဒက်စဘုတ်
* ကားမောင်းသူ ဘက်အတွင်းတံခါးဘောင်
* ရှေ့အင်ဂျင်ခန်း အတွင်း
* ရှေ့ ဖရိမ်ဘောင် မှာ ရှိပါတယ်။
🔹 ကုတ်(code ) = ခုနှစ် (Year) တွေ ကတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။
Code Year
A = 1980
B = 1981
C = 1982
D = 1983
E = 1984
F  = 1985
G = 1986
H = 1987
J  = 1988
K = 1989
Code Year
L = 1990
M = 1991
N = 1992
P = 1993
R = 1994
S = 1995
T = 1996
V = 1997
W = 1998
X = 1999
Code Year
Y = 2000
1 = 2001
2 = 2002
3 = 2003
4 = 2004
5 = 2005
6 = 2006
7 = 2007
8 = 2008
9 = 2009
Code Year
A = 2010
B = 2011
C = 2012
D = 2013
E = 2014
F = 2015
G = 2016
H = 2017
J  = 2018
K = 2019
Credit original upload

Car တွေကို ရောင်းမယ်ဝယ်မယ်ဆိုရင် ဒီ apk လေးဆောင်ထားပါ.. 

https://www.zmcdownload.com/2021/09/myanmar-car-search-buy-sell-rent.html



No comments: