menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Car ဝယ်မယ်ဆိုရင် ဘာတွေကြည့်ရမလဲ ?

 

ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေကြည့်ရမလဲ။

************************

မကျွမ်းကျင်သေးတဲ့ သူတွေအတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။ အုံနာဘုတ် ဝှီးတပ် မှန်မမှန် ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလားဆိုတာ သေချာအောင် ကညနရုံးမှာကားမဝယ်ခင် သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။ ကားမှာအလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။ ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။  လိုင်စင်ကားဖြစ်ဖြစ် W ကားဝယ်ဝယ် မဖြစ်မနေ ကြည့်ရမယ့်အချက်များကိုတော့ အောက်မှာ အသေးစိတ်လေ့လာသွားပါ..

ကဲစမယ်.. ကားတစ်စီးဝယ်ဖို့ သွားကြည့်ပြီဆိုရင်..


၁။ အင်ဂျင်ခန်း ကြည့်မယ်

ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိကတန်းတွေ Frame တွေကြည့်ပါမယ်။ ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။ အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်းနေရမယ်။ အင်ဂျင်ခန်းကအော်ဆေးဖြစ်ရမယ်။ Original Spot တွေ ချိတ်တွေဖြစ်ရမယ် ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။ {Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်}

၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။ အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေး နင်းကြည့်မယ် RPM တက်တာမှန်လား။ AC အေးလားကြည့်မယ် ။ ပါဝင်တဲ့ စနစ်တွေ အလုပ်လုပ်လား စမ်းမယ် {ဥပမာ Auto , Swing } အင်ဂျင်ဝိုင်တိုင်းတဲ့ အတံကို ဆွဲကြည့်မယ်။ အင်ဂျင်ဝိုင် ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလား သိဖို့က ခက်ပါသည်။ သို့သော် ဆေးသား အရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုးဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင် ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။ တံခါးတွေ ဆေးပြန်မှုတ်ထားတယ် ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီးအသံလား နားထောင်ပါ။

၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်းအော်ဆေးဖြစ်ရမယ်။

၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။ ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေ ကြည့်မယ်။

၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒက်ရ်ှဘုတ် ထိုင်ခုံဘေး ကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် { TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO }

၈။ Original Alloy လား။ ပြန်ထည့်လား။ တာယာတွေကောင်းသေးလား။ လဲရတော့မလား။

၉။ Model Year ကို internet မှာစစ်ပါ။{https://jpcenter.ru/month}ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။ {တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့}

ပြောထားတဲ့ ကား Grade ပြည့်လား။ Grade change ထားလား။ { ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး }

၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။  ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် {ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် } ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ စျေးပေါ်မူတည်ပြီး ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီးစျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရောအနောက်ပါ တိုက်ထားပြီး ဆေးbody ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။ kilo 120000 ကားကို ကီလိုများသည်ဟု မဝယ်ဘဲ kilo 180000 ကို ကီလို 70000 ပြောင်းထားသောကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးမကြီးသော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကိုယူရပါမည်။ ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံးပေါ့။ သိသလောက် မှတ်သလောက် လေးတွေ တင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်း ရှိမှာပါ။ ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။

#OnlineCarDrivingTraining

CrdးYan  Naing -

Car တွေကို ရောင်းမယ်ဝယ်မယ်ဆိုရင် ဒီ apk လေးဆောင်ထားပါ.. 

https://www.zmcdownload.com/2021/09/myanmar-car-search-buy-sell-rent.html

No comments: