menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

GPU Mining Rig တစ်လုံး စနစ်တကျဘယ်လိုဆင်ကြမလဲ

  

GPU Mining Rig တစ်လုံး စနစ်တကျဘယ်လိုဆင်ကြမလဲ

Mining Rig တစ်လုံး ကို ဆင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဆောင်ရန်ရှောင်ရန်တွေကို လေ့လာထားသမျှ သိသလောက်လေး Knowledge Sharing လုပ်ပေးချင်ပါတယ်...


Mining Rig Frame
Mining လုပ်ဖို့အတွက် အရင်ဆုံးစဉ်းစားရမှာက Frame ကို ဘာသုံးရမလဲဆိုတာ ရွေးချယ်ရပါမယ်.. ကိုယ်က 6 ကတ် စိုက်လား 8 ကတ်စိုက်လား.. ရေရှည် ထပ်ဖြည့်ဖို့အတွက် Frame တွေကို စင်လို အထပ်လိုက်သွားမှာလား... တစ်ခုခု အရေးကြောင်းဆို သယ်ဖို့လွယ်အောင် Compact Size လေး နဲ့တူးမှာလား.. Open Frame Type လား Close Type လား အရင်ဆုံးရွေးချယ်ရပါမယ်...တရုတ်က အလွယ်လုပ်ထားတဲ့ Frame တွေထက်စာရင် ကျွန်တော့်အကြိုက်ကတော့ Veddha Rig Frame Brand ပါ...နိုင်ငံတကာက Miner တွေတော်တော်များများလည်း အဲ့ဒါနဲ့တူးကြတာပါ..



အဲ့လိုမဟုတ်ဘဲ ကိုယ့်ဘာသာ လိုချင်တဲ့ဒီဇိုင်းကို Custom  ကို အော်ဒါအပ်ပြီးဆင်လို့ရလားဆိုတော့ ရပါတယ်..အဓိကက Frame က တောင့်တောင့်တင်းတင်းနဲ့ Stable ဖြစ်ဖို့ပါ.. ဘာလို့ အဲ့လို့ပြောရလည်းဆိုတော့  24 နာရီ လုံးလုံး လနဲ့ နှစ်နဲ့ချီပြီး Run နေမဲ့ Rig တစ်လုံးက တောင့်တောင့်တင်းတင်း မရှိဘဲ Fan တွေလည်အားကြောင့် Vibration တွေရှိမယ်ဆို ရေရှည်မှာ  GPU Slot တွေ ချောင်လာမယ် ပျက်မယ် မလိုအပ်တဲ့ ဆုံးရှုံးမှု့တွေ ဖြစ်လာပါလိမ့်မယ်..ဒါကြောင့် Frame ဆင်မယ်ဆို ရေရှည်အတွက်စဉ်းစားပြီးတစ်ခါတည်းစဉ်းစားပြီး ရွေးချယ်ဝယ်စေချင်ပါတယ်..
    မြန်မာနိုင်ငံ ရာသီဥတုနဲ့ဆို Open Frame Type ဆင်တာကို ပိုအားပေးပါတယ်.. ဗဟုသုတအနေနဲ့  Close Frame Type တွေကိုလည်း ပုံမှာ ဖော်ပြပေးထားပါတယ်..Factory  လိုမျိုးတူးမယ်ဆိုရင်တော့ Close Type က ပိုကောင်းပါတယ်...



Motherboard

ဒီမှာ မိုင်းတူးကြတဲ့ ဘုတ်တွေက ရိုးရိုးမားသားဘုတ် နဲ့ Mining မားသားဘုတ်ဆိုပြီး ၂ မျိုး ရှိပါတယ်.. သူတို့ နှစ်ခုဘာကွာလည်း ဆိုတာ သတိပြုမိတဲ့သူရှားပါတယ်.. ပုံမှာ နမူနာ အနေနဲ့ မိုင်းတူးရာမှာ အသုံးများတဲ့ ရိုးရိုး မားသားဘုတ် Gigabyte H110 D3A နဲ့  Mining ဘုတ် BioStar TB250 BTC  ဘုတ် နှစ်ခု ကို ယှဉ်ပြထားပါတယ်.. 


Mining Board

 
Nrmal Board

 

ဘုတ် ၂ ခု ယှဉ်ရင် မိုင်းနင်းဘုတ်က Capacitors တွေသိသိသာသာပိုများတာ သတိပြုမိမယ်ထင်ပါတယ်..မိုင်းနင်းဘုတ်တွေက ရိုးရိုးဘုတ်တွေထက် မီးအားအတက်ကျ ခံနိုင်အောင် PCIE Slot တွေကို GPU တပ်သုံးမှ သိတဲ့အတွက် Slot တွေတိုင်းမှာ လျှပ်စ်သိုလှောင်ပေးတဲ့Capacitors တွေခံပေးထားတယ်..ရုတ်တရုတ် မီးအားအတက်ကျကြောင့် ရှော့ဖြစ်တာ မီးထလောင်တာမျိုး  အတွက် ကာကွယ်ပြီးသားဖြစ်တာပေါ့...


PCIE GPU Riser
Mining RIG ဆင်မယ်ဆို GPU Riser တွေကလည်း မရှိမဖြစ်ပါပဲ... Riser ကွာလတီအမျိုးမျိုး ထွက်ရှိပြီး စျေးကလည်း ထောင်ဂဏန်းကနေစပြီး သိန်းဂဏန်းထိရှိပါတယ်... GPU Riser သုံးမယ်ဆို ရိုးရိုးမားသားဘုတ်သုံးတဲ့သူတွေနဲ့  RTX 3000 Series သုံးမဲ့သူတွေက Capacitors 8 လုံးပါတဲ့ Riser ကို မဖြစ်မနေအသုံးပြုသင့်ပါတယ်..

ဒါက Capacitors 4 လုံးနဲ့ Riser ပါ
Capacitors 8 လုံးနဲ့ High Quality Riser ပါ


ကျွန်တော်သိတာတော့ ဒီလင့်က Riser တွေက https://www.gpurisers.com  ကွာလတီအမိုက်ဆုံးပါပဲ... သို့ပေမဲ့လည်း ကိုယ်တွေလို နိုင်ငံအနေထားနဲ့ ဝယ်ဖို့ကျတော့လည်း အလှမ်းဝေးပါတယ်...အဲ့ဒါကြောင့် သေချာတွက်ချက်စဉ်းစားပြီး  PCIE Riser တစ်မျိုးကို လက်ရှိ Import လုပ်ပြီး သုံးပါတယ်...အဲ့ဒီ Riser  အကြောင်းအသေးစိတ်ကို ဒီမှာ  ရေးထားပါတယ်ခင်ဗျာ... ဝယ်ယူအားပေးလို့လည်း ရပါတယ်ခင်ဗျာ 😊😊



Power Supply
Mining Rig တစ်လုံးဟာ Power စားသုံးမှု့အရမ်းများတဲ့အတွက် PSU ရွေးချယ်တဲ့ နေရာမှာလည်း အရမ်းအရေးကြီးပါတယ်....ပုံမှာ 

Thermaltake PF1 80+ Platinum ပါ
China made
 

 

 

 

 

 

 

Chart ထဲမှာ GPU ကတ်အမျိုးစားပေါ်မူတည်ပြီး Stable မှာ Power ဘယ်လောက်စားပြီး Hash Rate ဘယ်လောက်ရတယ်ဆိုတာ ဖော်ပြထားပါတယ်... Miner တွေဆီက Recommend ရပြီး အသုံးများတဲ့ PSU တံဆိပ်တွေကတော့ EVGA , Thermaltake နဲ့ Server PSU ပါ...ဒါအပြင့် တရုတ်က လာတဲ့ Mining Rig တွေအတွက် သီးသန့်ထုတ်တဲ့ 8 pin တွေအများကြီးပါတဲ့ PSU တွေလည်းရှိပါတယ်... PSU Brand တွေကအများကြီးဖြစ်တဲ့အတွက် ကိုယ်ကြိုက်ရာ တံဆိပ်သုံးလို့ရပါတယ်.... ကျွန်တော့အကြိုက်ကတော့ Thermaltake PF1 series ပါ 😊 အဓိကက PSU သုံးမယ်ဆို 24 hours ဖွင့်ထားရမှာဖြစ်တဲ့အတွက် Power Stable ဖြစ်မဲ့ Full Modular 80+ Platinum ကိုရွေးချယ်သုံးစေချင်ပါတယ်...ဒါမှသာ Power Stable ဖြစ်ပြီး ရှော့ဖြစ်တာမျိုး PC Parts တွေပျက်စီးတဲ့ အဖြစ်ဆိုးမျိုး ကြုံမဲ့ အန္တရာယ်ကင်းဝေးမှာပါ...


8 pin Splitter

 
မိုင်းတူးတဲ့ ပုံမှန် PSU တွေမှာပါတဲ့ PCIE Pin တွေက ကိုယ်ထည့်မဲ့ GPU တွေအတွက် ပါဝါကျွေးဖို့ မလုံလောက်တတ်ကြပါဘူး.. အဲ့ဒီပြသနာကို ဖြေရှင်းဖို့အတွက် 8 pin pcie Splitters တွေကို Extension လုပ်ရပါတယ်..ပုံမှန်ဆိုရင်တော့ အဲ့ဒီ လိုမျိုး Extension လုပ်မယ်ဆို Safe ဖြစ်အောင် Capacitor တစ်လုံးခံပြီးမှ လိုင်းခွဲပြီးလုပ်ကြပါတယ်..ပုံမှာဆိုရင်တော့ 8 pin splitters ၂ မျိုးကိုတွေ့ရမှာပါ.. 

 



ဒီ ၂ ခုက တူသလိုလိုနဲ့ မတူပါဘူး..တစ်မျိုးက ကြိုးမကုန်အောင် ခိုပြီး Netural နေရာမှာ ပူးထားတာပါ.. အဲ့လိုသုံးလို့ မရဘူးလား မေးရင်တော့ ရတယ်ပြောရမှာပါ... UL1007 18Awg ကြိုးတွေက Watt 2000 ထိ ခံနိုင်ရည်ရှိပါတယ်... သို့သော် စျေးကြီးတဲ့ GPU ကတ်အမြင့်နဲ့တူးမယ်ဆိုရင်တော့ သူ့ဘာသာ တစ်ကြိုးချင်းခွဲတဲ့ Splitter မျိုးသုံးတာ ပိုစိတ်ချရပါတယ်..


Fans
Fans တွေသုံးမယ်ဆို တစ်မိနစ်မှာ လည်အား RPM ဘယ်လောက်ရှိလည်းနဲ့ တွက်ချက်ပြီး ရွေးရမှာပါ.. ပုံမှန် Pc Fan  တွေက RPM 1500 ဝန်းကျင်ပါ... စျေးသင့်ပြီး ကွာလတီကောင်းတယ် RPM များတဲ့Fan ဆိုရင်တော့ Veddha Fan တွေပါ..RPM 2500 to 2800 လောက်ထိထွက်ပါတယ်...အသံတော့ နည်းနည်းထွက်ပါတယ်... စျေးပိုသုံးနိုင်မယ်ဆိုရင်တော့ Noctua နဲ့ Arctic တံဆိပ် Fan တွေကို Recommend ပေးပါတယ်.. 

Veddha Fan ပါ ပုံမှန် Fan တွေ rpm 1500 လောက်ပဲထွက်တဲ့အချိန်မှာ သူက rpm 2800 လောက် ထုတ်ပေးနိုင်ပါတယ်

Rig ကို Open Type ဆင်မယ် နေရာလည်းကျယ်မယ်ဆို Fan တွေကိုအပူစုပ်တာထက် GPU တစ်ကတ်နဲ့တစ်ကတ်ကြားက အပူကို မှုတ်ထုတ်လိုက်တာမျိုးကို ပိုကြိုက်ပါတယ်..rig ထားမဲ့နေရာပေါ်မူတည်ပြီး စဉ်းစားတာတော့ အကောင်းဆုံးပါ...



CPU & Ram & SSD

 
Mining ကို သေချာစနစ်တကျလုပ်တော့မယ်ဆို ဘတ်ဂျတ်ခိုလို့ရတာ ဒီ ၃ ခုပါပဲ.. အဆင်ပြေရာ သုံးလို့ရပါတယ် 😄 ဒီလောက်ဆိုရင်တော့ Mining RIG PC ဆင်တဲ့အခါ Parts တွေဘယ်လို ရွေးချယ်ရမယ်ဆိုတာ နားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်... 

 

ဒါလေးတွေကတော့ သိထားသင့်တဲ့အချက်လေးတွေပါ..


1 . ကိုယ် Rig အသုံးပြုမဲ့ မီးလိုင်းကို Ampere ဘယ်လောက်နဲ့ Watt ဘယ်လောက်ထိ နိုင်တဲ့မီးကြိုး သုံးမလည်းဆိုတာ မီးသမားနဲ့တိုင်ပင်ပါ.. အပ်ကြိုးချနိုင်ရင်တော့ ပိုကောင်းပါတယ်..ဓါတ်လိုက်တာမျိုး မိုးကြိုးပစ်ရင်တောင် ရှော့ဝင်တာမျိုး မရှိတော့ပါဘူး
2. Extension ကြိုးသုံးတဲ့အခါ Server သုံး PDU မထည့်နိုင်ရင်တောင် Shock Protection ပါတဲ့  Amp တောင့်တဲ့ဟာမျိူးသုံးပါ..
3. Thermalpad ဆောင်ထားပါ...GPU တွေ အချိန်ကြာလာတာနဲ့အမျှ Hash rate ကျမယ်... Heat တက်လာမယ်ဆို Thermalpad လဲပေးရပါမယ်.. အဲ့ဒီအခါကျမှ လိုက်ရှာနေရင် အဆင်မပြေပါဘူး.. စျေးသင့်ပြီးကွာလတီကောင်းတာ ညွှန်းရမယ်ဆို Arctic Thetmalpad ပါ..
4. မီးသတ်ဆေးဗူးဆောင်ထားပါ... လျှပ်စစ်ပစ္စည်းဖြစ်တဲ့အတွက် ရုတ်တရုတ်အရေးပေါ် ဖြစ်တဲ့အခါ ဝယ်ဆောင်ထားတာ မမှားပါဘူး
5. GPU Riser တစ်ခုတလေအပိုဆောင်ထားပါ.. အချိန်ကြာလာတာနဲ့အမျှ riser တွေလည်း ပျက်တတ်ပါတယ်.. အဲ့ဒီအခါ အပိုမဆောင်ထားမိရင် GPU ကြီးထိုင်ကြည့်နေရပြီး တိုင်ပတ်တတ်ပါတယ်..
နိဂုံးချုပ်အနေနဲ့ Mining လုပ်တဲ့အခါ ငွေတွေ အချိန်တွေ လူအားတွေ ရင်းပြီးလုပ်ရတာဖြစ်တဲ့အတွက် သေချာ လေ့လာ စဉ်းစားအချိန်ယူပြီး စနစ်တကျ လုပ်ကြပါလို့ပြောချင်ပါတယ်..
#GoDFear

ဖော်ပြပါ Mining ဆင်ခြင်းနှင့်ပတ်သက်ပြီး မရှင်းလင်းတာမျိုးနှင့် လိုအပ်သော ပစ္စည်းများ မှာယူချင်တယ်ဆိုရင် အောက်ကဆိုင်လိပ်စာလင့်ခ်မှာ ဆက်သွယ်မှာယူနိုင်ပါကြောင်း......

မူရင်း _ Overclock PC Builds


No comments: