menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

MacBook တွေကို စနစ်တကျ သန့်ရှင်းရေးလုပ်နည်း

 


MacBook တွေကို စနစ်တကျ သန့်ရှင်းရေးလုပ်နည်း

***************

ဒီကာလမှာ Admin အပါအဝင်လူတော်တော်များများဟာ ကိုယ့်ကိုကိုယ်ရော၊ ကိုယ်ချစ်ရတဲ့သူတွေကို ရောဂါဆိုးကြီးရန်ကနေ ကာကွယ်ဖို့အတွက် တတ်နိုင်သမျှအိမ်မှာပဲနေရင် အခြေအနေမျိုးစုံကျော်ဖြတ်နေရပါတယ်။ အခုဆိုရင် ရောဂါကဆိုးသထက်ဆိုလားပြီး ကူးစက်မှုနှုန်းကလည်း ပိုမိုမြန်ဆန်လာပါတယ်။ ဒါကြောင့် ကိုယ်ထိတွေ့ကိုင်တွယ်လိုက်သမျှ ပစ္စည်းတိုင်းကို လိုက်ပိုးသတ်ရတာကလည်း နေ့စဉ်အလုပ်တခုလိုကိုဖြစ်နေပါပြီ။ အဲ့ဒီထဲက တစ်ခုအပါဝင်ကတော့ ကျနော်တို့သိပ်မြတ်နိုးတဲ့ MacBook လေးတွေပါ..

.

ဒါကြောင့် Admin တို့လို Work From Home သမားတွေအတွက် သန့်ရှင်းရေးလုပ်ပေးဖို့မေ့နေတဲ့ Macbook လေးကိုဗိုင်းရပ်စ်ရန်ကနေကာကွယ်ဖို့ ဘယ်လိုသန့်ရှင်းကြမလဲ။ Laptop နဲ့ MacBook တွေဟာ အမျိုးအစားမတူတဲ့  ပစ္စည်းတွေနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း အမျိုးအစားမတူတဲ့ သန့်ရှင်းရေးပစ္စည်းတွေလိုအပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီတခေါက်မှာတော့ များသောအားဖြင့် MacBook တိုင်းအသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေကိုပြောပြသွားမှာပါ။

.

- ပထမဆုံးအနေနဲ့ သန့်ရှင်းရေးမလုပ်ခင်အရင်ဆုံးအနေနဲ့ Plug တပ်ထားတာ တွေရှိနေရင်အကုန်ဖြုတ်ထား ဖို့လိုပါတယ်။ 

.

- ပြီးရင်တော့ မျက်မှန်သုတ်တဲ့အဝတ်လိုမျိုး  Lint Free Cloth လေးတွေ၊ နူးညံ့တဲ့ပုဝါစ၊ အဝတ်စလေးတွေနဲ့ MacBook ကဖုန်မှုန့်လေးတွေရှင်းသွားအောင်လိုက်သုတ်ပေးလိုက်ပါ။ 

.

- MacBook ကိုပါဝါပိတ်ထားဖို့လည်းမမေ့နဲ့နော်... 

.

- အဲ့ဒီနောက်မှာတော့ Alcohol 70% ရှိတဲ့ အရည်ကို သန့်ရှင်းပြီးနူးညံ့တဲ့အဝတ်စလေးမှာစိုရုံလောက်စွတ်ပြီး MacBook တခုလုံးကိုဖြည်းဖြည်းချင်းသုတ်ပေးလို့ရပါတယ်။ ဒီနေရာမှာသတိထားရမှာက အရက်ပြန်တွေအများကြီးစိုရွဲသွားလို့မရပါဘူး။ 

.

- ပြီးရင်တော့ ခြောက်သွေ့တဲ့အဝတ်လေးနဲ့ထပ်သုပ်ပေးလိုက်ရင် ရပါပြီ။ 

.

- နောက်တခုက ကီးဘုတ်ကိုရောဘယ်လိုသန့်ရှင်းကြမလဲ။ ကီးဘုတ်ကိုသန့်ရှင်းဖို့အတွက်လိုအပ်တာလေးကတော့ နူးညံ့တဲ့ Brush လေးတခုရယ်၊ လက်နှစ်ဖက်ရယ်ပဲလိုပါတယ်။ 

.

- ရပြီဆိုရင်တော့ MacBook ကိုပါဝါပိတ်ပြီး ဇောက်ထိုးအနေအထားနဲ့ ဖုန်လေးတွေထွက်လာအောင် Brush ဖြင့်ပွတ်ပေးလိုက်ပါ။ 

.

- ကီးဘုတ်ကိုလည်း ခုနကလိုအရက်ပြန်နဲ့ သန့်ရှင်းပေးလို့ရပါတယ်။ ဒါပေမယ့် စက်ထဲအရည်တွေမဝင်အောင် ခြောက်သွေ့တဲ့ အဝတ်လေးတွေနဲ့ ပြန်သုတ်ပေးဖို့လည်း မေ့လို့မရဘူးနော်။ 

.

နောက်ဆုံးအနေနဲ့ သတိထားသင့်တာက အရောင်ကျွတ်တာတွေ၊ အရောင်ပြယ်တာတွေ မဖြစ်စေဖို့ဆိုရင် Alcohol 70% ထက်ကျော်တဲ့ အရည်တွေကိုအသုံးမပြုသင့်ပါဘူး။ 

iSure

No comments: