menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows 11နှင့် fail ခြင်းပြဿနာများ

 

Windows 11နှင့် fail ခြင်းပြဿနာများ
=================
အရမ်းကြီးတွေ Hype ထားပြီးတော့ ထင်သလောက် သိသာတဲ့ performance jump မျိုးမလုပ်နိုင်တဲ့အပြင် Error များလို့ သူတို့ upgrade video အောက်က ဝေဖန်တဲ့ comment တွေတောင် လိုက်ဖျက်နေပါတယ်။ အများစု့ကတော့ windows 11 ကို တင်ဖို့လိုအပ်တဲ့ hardware requirement ကို မကျေနပ်ကြတာပါ။ incompatible ဖြစ်နေတာနဲ့ စက်က လိုက်မမှီတာနဲ့။ မှီတဲ့ကောင်ကျ နှေးနေတာနဲ့ error တက်နေတာနဲ့ ဗယုတ်သုတ်ခတွေ ဖြစ်နေပါတယ်။ Microsoft ကတော့ မကောင်းတဲ့ comment နဲ့ review မှန်သမျှလိုက်ဖျက်ပြီး အသင့်အတင့်တွေကိုပဲထားခဲ့ပါတယ်။ အဲ့လိုလုပ်လိုက်တော့မှ တော်တော်များများ ပိုပြီး စိတ်တိုကုန်ကျပါတယ်။ လူတော်တော်များများ မကောင်းတာတွေပဲ ဝိုင်းပြောနေပေမဲ့ Microsoft ဖက်ကတော့ high end pc နဲ့ user တွေကတော့ အဆင့်မြင့် security နဲ့ Productivity ပိုကောင်းသွားမယ်လို့ပဲ ပြောထားပါတယ်။ ဆိုလိုတာက 
မသုံးနိုင်ရင် မသုံးနဲ့ဦး။ သုံးနိုင်တဲ့လူကတော့ သုံးပြီး အကျိုးတစ်ခု့တော့ ရှိလိမ့်မယ်ဆိုတဲ့သဘောကို ယဉ်ကျေးအောင်ပြောလိုက်တာပါပဲ။
Fail ခြင်းပြဿနာပေါင်းစုံနဲ့ Videos များကို ကြည့်ချင်ရင် အောက်ကလင့်များမှာကြည့်နိုင်သလို..
ဘာပဲဖြစ်ဖြစ် စမ်းသပ်သုံးစွဲကြည့်ချင်သူများအတွက် ဒီလင့်မှာ တစ်သက်တာလိုင်စင်ဗားရှင်းကို အခမဲ့ ဒေါင်းယူနိုင်ပါတယ်.. Windows 11 free download 

Fail Videos
 


No comments: