menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Laptop များပျက်ရသည့်အကြောင်းရင်းများ

 

Laptop များတွင်ဖြစ်‌ပေါ်တတ်သည့် Hardware စက်ပစ္စည်း ပျက်စီးမှု အကြောင်းရင်းများ

=========================

(၁) ပါဝါနှင့် ဘက်ထရီ

--------------------------------

မီးအားအတက်အကျမြန်ခြင်း၊ ဘက်ထရီဖြင့်အားကုန်တဲ့အထိသုံးခြင်း၊ မီပလပ်ဖြင့် ရက်ပေါင်းများစွာအသုံးပြုခြင်း၊ Static လျှပ်စီးဆင်းမှု တွေကြောင့် ပါဝါ နဲ့ ဘက်ထရီ ချွတ်ယွင်းမှုတွေဖြစ်တတ်ပါတယ်။

-

(၂) Motherboard/CPU/RAM

-------------------------------------------

မီးအတက်အကျ၊ သယ်ဆောင်ရာတွင်ပေါ့ဆခြင်း၊ ပူနေချိန်တွင် အိတ်ထဲထည့်ခြင်း၊ ပူနေချိန်တွင် စွမ်း‌ဆောင်ရည်မြင့်သော Software များ ဂိမ်းများအသုံးပြုခြင်း၊  လေလမ်းကြောင်းပိတ်စေသော မွေ့ရာ ခေါင်းအုံး စသည့် ပျော့ပြောင်းသောမျက်နှာပြင်များတွင် အချိန်ကြာမြင့်စွာ အသုံးပြုခြင်း၊ မသုံးပဲ အချိန်ကြာမြင့်စွာ ပတ်ဝန်းကျင်လေထုအတွင်း ပစ်ထားခြင်း၊ ရာသီဥတုကြောင့် လေထုထဲရှိ ရေခိုးရေငွေ့ရိုက်ခြင်း၊ ရေဖိတ်စင်ခြင်း၊ မတော်တဆထိခိုက်ခြင်း အစရှိသည်တို့ကြောင့် ပျက်စီးတတ်ပါတယ်။

-

(၃) Graphic Unit

------------------------

အပူချိန်များခြင်း/FPS များသော ဂိမ်းများဆော့ခြင်း/Built-in ပါသော Graphic Unit နှင့် Dedicated/Extended Graphic Unit တို့အား ခွဲခြားအသုံးမပြုနိုင်ခြင်းတို့ကြောင့် Graphic Unit မှာ ချွတ်ယွင်းတတ်ပါတယ်။

-

(၄) HDD/SSD/DVD Drive

-------------------------------

မတော်တဆထိခိုက် ပြုတ်ကျခြင်း/တုန်ခါခြင်း/ ရေငွေ့ရိုက်ခြင်း၊ အဖြုတ်အတပ်များခြင်း/ပုံမှန်စွမ်း‌ေဆာင်နုိင်ရည်ထက်လွန်ကဲကြာမြင့်စွာ ရေးဖတ်မှတ်ခိုင်းခြင်း၊

ဥပမာ(3D Rendering/Video Editing) တို့ကြောင့် Data များပျက်စီးတတ်ပြီး ချွတ်ယွင်းတတ်ပါတယ်။

-

(၅) LCD/LED Panel Screen 

----------------------------------

အပူထုတ်လွှတ်မှု များခြင်း၊ ရေငွေ့ရိုက်ခြင်း၊ မသုံးပဲ Stand by မလုပ်ပဲအချိန်ကြာမြင့်စွာ ဖွင့်ထားခြင်း၊ မသုံးပဲ အချိန်ကြာမြင့်စွာ ပတ်ဝန်းကျင်လေထုအတွင်း ပစ်ထားခြင်း၊ မတော်တဆထိခိုက်မိခြင်း၊ ‌လက်ချောင်းဖြင့်ထိုးဖိခြင်း ၊ ဆက်တိုက် အလင်းတင်အသုံးပြုခြင်း၊ စသောအချက်များကြောင့် Laptop တစ်လုံး၏ LCD/LED Panel ပျက်စီးစေပါတယ်။

##မူရင်းပိုင်ရှင်အား Credit ပေးပါသည်....။

No comments: